Two:I'm her boss

1.3K 63 0
                                    

Unicode Version:

ရူဘီတစ်ယောက် တစ်ညလုံး ကဲပြီးနောက်
ရွှင်လန်းတက်ကြွစွာ နိုးထလာခဲ့သည်။
လက်မောင်းကိုဆန့်တန်းရင်း မိမိမျက်နှာထက် တည့်တည့်ကျရောက်လာတဲ့ နေရောင်နွေးနွေးကိုပင် မခံနိုင်သည့်အလား လက်ဖဝါးဖြင့်ကာထားလိုက်သည်။

ဝတ်လစ်စလစ် ခန္ဓာကိုယ်ထက်လွှမ်းခြုံထားသည့် တစ်ထည်တည်းသော စောင်ကိုတွန်းဖယ်ကာ ထလာလိုက်ချိန်တွင် ကြမ်းပြင်
ပေါ်ရှိ တစ်စုံတစ်ရာနှင့် ခလုတ်တိုက်မိတော့သည်။

ကြည့်မိလိုက်တော့ တစ်ညလုံး သူ့အလုပ်သူ
ကြိုးစားပမ်းစား တက်တက်ကြွကြွလုပ်ပေးခဲ့ရှာသော အချစ်တော် ဘေဘီအူကြူးလေးပင်
ဖြစ်နေခဲ့သည်။ ရူဘီ ကုန်းကောက်လိုက်ကာ
အနားသတ်များကို တဖွဖွမှုတ်ပေးရင်း ဆိုလိုက်သည်။

"ဘေဘီလေး တစ်ညလုံးဆိုတော့ မောသွားမှာပေါ့ ၊ တာဝန်ကျေခဲ့ပါတယ်။ ကိုယ့်ဘေဘီလေး...အဲ့ဒါကြောင့်ချစ်နေရတာ...အူးမွ"

ဟုတ်ပါတယ် ၊ ရူဘီ တမွထဲမွပြီး တဖူးဖူးမှုတ်ပေးကာ မြှောက်ပင့်နေသည်မှာ သူမ၏ အချစ်တော် ကစားစရာထဲမှ တစ်ခုဖြစ်သော
ပန်းနုရောင် vibrator ကြီးပင်။

ထိုအချိန် တတီတီ ထမြည်သောဖုန်း။

ရူဘီ ကြမ်းပြင်ထက် မွစာကြဲနေသော ကစားစရာများအား တစ်ချက်ဝေ့ကြည့်ကာ
မြည်နေသောဖုန်းဆီသို့ လှမ်းသွားလိုက်သည်။

ကြည့်လိုက်တော့ အဖေခန့်ပေးထားသော
ဟို အူကြောင်ကြား အတွင်းရေးမှူးပင်။

"ဟယ်လို...ရူဘီမွန်းပြောနေပါတယ်"

"ဒါရိုက်တာ...ကျွန်တော် ပို့လိုက်တဲ့ report fileတွေရောက်ရဲ့လား"

ရူဘီ မနေ့ညက ဘယ်fileလာပို့လို့လဲ ဟူ၍
အသည်းအသန်စဥ်းစားနေမိသော်လည်း ဘာမှထွက်မလာ။ ထိုအချိန်၌ စားပွဲပေါ်တွင်
အထပ်လိုက်တင်ထားသော ဖိုင်တွဲကြီးကို
မြင်လိုက်ရသည်။ ကြည့်ရတာ ရူဘီခဏအပြင်ထွက်သွားတုန်း ဝင်ထားသွားပုံရသည်။

"အင်း တွေ့တယ်"

ထိုအခါမှ တစ်ဖက်က စိတ်အေးသွားသည့်ဟန်ဖြင့်...

One Night,One LifeWhere stories live. Discover now