Three:She is my Boss

1.6K 90 24
                                    

Unicode Version:

"မူ...သက်သာသွားပြီလား"

Report fileတွေပြန်စစ်နေရင်း ရုတ်တရက်
မိမိအားခေါ်လိုက်သံကြောင့် မော့ကြည့်မိလိုက်တော့ ကိုမင်းသူဖြစ်နေသည်။

"ရှင်...ဟုတ်ကဲ့ ၊ သက်သာသွားပါပြီ"

ထိုအခါမှ ကိုမင်းသူက စိတ်သက်သာသွားဟန်ဖြင့် သက်မ,တစ်ချက်ချပြီး ပြောသည်။

"တော်သေးတာပေါ့ ၊ သုံးရက်တောင် ဆက်တိုက်ခွင့်ယူသွားတယ်ဆိုတော့ ကိုယ့်မှာ
တော်တော်ပြင်းထန်လားလို့ စိတ်ပူနေလိုက်ရတာ...overseasကနေ ပြန်လာချင်တဲ့အထိပဲ"

ကိုမင်းသူ၏ အကြင်နာပိုမျက်ဝန်းများနှင့်
ခမ်းမူ တေ့ဆိုင်မိချိန်ခိုက် တဒိန်းဒိန်းခုန်လာသော နှလုံးခုန်သံကြောင့် ရှက်ရွံစွာနှင့်ပဲ
မျက်လွှာချလိုက်မိသည်။

"သိပ်တော့ မပြင်းထန်ပါဘူး ၊ ဒီတိုင်း အအေးပက်သွားရုံပါပဲ"

"ဟင်...ဟုတ်လား ၊ အခုရော သက်သာသွားပြီလား။ ကိုယ်ပူနေသေးလား။"

ကိုမင်းသူက လက်သွက်စွာနှင့်ပင် ငုံ့မိုး၍ ခမ်းမူ၏ နဖူးပြင်အား သူ့လက်ဖမိုးနွေးနွေးဖြင့်
ထိကပ်လိုက်သည်။ မီးခဲဖြင့် ဆတ်ခနဲထိသွားမိသည့်အလား ခမ်းမူတွန့်ခနဲဖြစ်သွားပြီးနောက် ချက်ချင်းပင် ပါးပြင်မို့မို့လေးနှစ်ဖက်မှာ ရဲတက်လာလေရဲ့။

မရဲတက်ဘဲ နေနိုင်မလား။ ကိုမင်းသူဆိုသည်မှာ နန်းခမ်းမူ၏ အလုပ်ခွင်ထဲတွင် ပထမဆုံးသော ရင်ခုန်မိသူပင်။ ကိုမင်းသူနဲ့ စတွေ့ခဲ့ချိန်က ကိုမင်းသူသည် marketing team leaderဖြစ်ပြီး ခမ်းမူကတော့ အလုပ်သင်လေးသာဖြစ်သည်။ လုပ်သက် ၅လကေျာ်အတွင်း ကိုမင်းသူနှင့်အကြိမ်ကြိမ် မြင်တွေ့နေရသောအခါဝယ် နှစ်ဦးသားဆက်ဆံရေးမှာ အတော်လေးကို တိုးတက်လာသည်။
ဖွင့်မပြောပေမယ့် တစ်စုံတစ်ရာဖြင့် ဆက်နွယ်ထားသလို။

ခမ်းမူ ပါးလေးများရဲကာ အကြောင်သား ကြည့်နေသည်ကို မြင်တော့ ကိုမင်းသူက ရှက်အမ်းအမ်းဖြစ်သွားကာ လက်ပြန်ရုတ်လိုက်သည်။

"ကိုယ်တော့ မပူတော့ဘူး"

"ဟုတ် ၊ ခမ်းမူ အဆင်ပြေပါတယ်။ တကယ်လဲ သက်သာသွားပါပြီ"

You've reached the end of published parts.

⏰ Last updated: May 01, 2021 ⏰

Add this story to your Library to get notified about new parts!

One Night,One LifeWhere stories live. Discover now