Episode-(1)

14K 777 23
                                    

Zawgyi Version

မင်္ဂလာပွဲတစ်ခု...။

မမြင်ချင်တဲ့မျက်နှာတွေ၊ ကျောခိုင်းခဲ့ပါတဲ့
အသိုင်းအဝိုင်းတစ်ချို့၊ ပြန်မဆုံချင်ပါတော့သည့်
လူတစ်ယောက်။

အရာရာက ရိပေါ်ကို အန်ထွက်တော့မတတ်
မွန်းကြပ်နေစေသည်။

ဘယ်လောက်ထိတောင်မှ အချိန်ယူပြီး ကျော်ဖြတ်ခဲ့
ရပါသလဲ။ ပြန်တွေးတိုင်း စိတ်ပျက်စရာ
ပိတ်လှောင်မှုသာ ကြီးစိုးနေတဲ့ အတိတ်တို့က
ရိပေါ်ကို အပ်သေးလေးတွေနဲ့ တဆစ်ဆစ် ထိုးဆွ
နေသလိုပင်။

"သတို့သားက သတို့သမီးကို အနမ်းပေးနိုင်ပါပြီ..."

အောက်မှာ သုံးနှစ်သားအရွယ် ရိပေါ်တူတဖြစ်လဲ
လက်ရှိအချိန် မင်္ဂလာစင်မြင့်ပေါ် နေရာယူပြီး
အနမ်းပေးနေပါသည့် တစ်ဦးတည်းသောအစ်မ
လက်မထပ်ခင် မွေးထားခဲ့သည့် သားဖြစ်သူက
မိဘနှစ်ပါးရဲ့ ပေါင်းဖက်မှုကို ဝမ်းသာစွာ
လက်ခုပ်တီးနေခဲ့သည်ပင်။

ထိုကလေးကပဲ ရိပေါ်ရဲ့ အရာရာမှားယွင်းခဲ့တဲ့
ကံကြမ္မာကို အစပျိုးခဲ့လေသလား။

ဘာမှမသိတဲ့ ကလေးတစ်ယောက်ပေါ် ဒီလိုတော့
ရက်ရက်စက်စက် မစွပ်စွဲချင်ပါဘူး။ အနည်းဆုံး
ဒီကလေးဖြစ်တည်လာလို့သာ မောင်နှမ
နှစ်ယောက်လုံး နာကျင်ရမယ့်အရေးမှ ရိပေါ်
တစ်ယောက်သာ အကုန်သိမ်းကြုံးခံရင်း
ကျော်ဖြတ်နိုင်ခဲ့သည်လေ။

အစ်မဖြစ်သူရဲ့ ယခုလို ချစ်ခင်ရသူနှင့်
ပေါင်းဖက်ပြီး ပျော်ပျော်ရွှင်ရွှင် ရယ်မောနေနိုင်ပါ
သည့် မြင်ကွင်းက ရိပေါ်ရဲ့ဒဏ်ရာတွေကို
တစ်မျိုးတစ်ဖုံတော့ ကျက်စေနိုင်ပါသည်။

"အားပေါ်ရယ် ကျဲကို...ကျဲကို ကူပါဦး...ကျဲက
အစ်ကိုကျိုးနဲ့ ချစ်နေတာ...အခု သူ့ကိုယ်ဝန်လဲ
လွယ်ထားရပြီ...ဒါပေမယ့် ပါပါးတို့က ကျန့်ကျန့်နဲ့
မင်္ဂလာပွဲကို မပြောမဆိုနဲ့ နောက်လထဲ သတ်မှတ်ချ
လိုက်ပြီတဲ့..."

လွန်ခဲ့တဲ့ လေးနှစ်ကျော်က အစ်မဖြစ်သူရဲ့
ညဘက်ကြီး အခန်းတံခါးခေါက်ပြီး ရိပေါ်ရှေ့
ရှိုက်ကြီးတငင်ငိုလို့ ပြောခဲ့သော စကားတချို့
ဖြစ်သည်။

Rewrite the stars (Completed)Where stories live. Discover now