Episode-(5)

5.4K 647 8
                                    

Zawgyi Version

သူတို့ကွာရှင်းမှုက သိပ်ပြီး ကြီးကြီးကျယ်ကျယ်
တရားရုံးရောက်ဘာရောက်တော့ မဖြစ်သွားလိုက်
ဘူး။ အစက နှစ်ပတ်၊သုံးပတ်ဆက်တိုက်
ရှောင်းကျန့်ကကွာရှင်းဖို့ကို သဘောမတူပဲ
အိမ်လိုက်လာရာ ရိပေါ်က လုံးဝဆင်းမတွေ့တဲ့
အပြင် ခဏခဏလာနေမှာစိုးလို့ တိုက်ခန်းတစ်ခုကို
ယာယီပြောင်းနေလိုက်သေးတယ်။ ရှောင်းကျန့်
ပုံစံကြောင့်  အနည်းဆုံးတော့ တရားရုံးကနေ
ဆင့်ခေါ်စာပို့မှပဲ ကွာဖို့ အဆင်ပြေလောက်မယ်လို့
ရိပေါ်ထင်လိုက်တာ။ ဒါပေမယ့် ရှောင်းကျန့်
အတွက်တော့ သူ့ကို လွမ်းဆွတ်တမ်းတမှုက
ရက်သတ္တပတ် အနည်းငယ်ပါပဲ။

နှစ်လအကြာမှာ ဘာတရားရုံးဆင့်ခေါ်စာမှ
မလိုအပ်ပဲ ရိပေါ်လက်ထဲ ကွာရှင်းစာချုပ်လေး
တစ်စုံ ရောက်လာလေသည်။ ဘာရယ်မဟုတ်
ထိုစာရွက်တွေပေါ်က သိပ်မြတ်နိုးရပါတဲ့ နာမည်
တစ်ခုရဲ့ ဖြစ်တည်မှုကို ကြည့်ရင်း ရိပေါ်
စိတ်မပါလက်မပါနဲ့ ဟက်ခနဲ ရယ်လိုက်မိသေး
သည်။ ခဏပါပဲ ..... ဖြတ်သန်းခဲ့သမျှက
တကယ့်ကို ခဏလေးပါပဲ။ ဆောင်းဦးရဲ့
ရွက်ကြွတွေလို မျက်စိတစ်မှိတ်အတွင်းမှာပဲ
လေတစ်ချက်အဝေ့မယ် လိုက်ပါပျောက်ကွယ်
သွားခဲ့တယ်။ တစ်နှစ်တောင် မပြည့်သေးတဲ့
ရှစ်လ၊ကိုးလလောက်ပဲမလား။ ရှောင်းကျန့်
သူ့ကို လွယ်လွယ် လက်လွှတ်လိုက်နိုင်တာ
မဆန်းပါဘူး။

ကျဲကလဲ အခုဆို က‌‌လေးကြောင့်မို့ ပါးတို့က
အစ်ကိုကျိုးကို အရင်ကလောက် ခါးခါးသီးသီး
မဖြစ်တော့ပဲ စောင့်ကြည့်ဆဲကာလပေမဲ့
စေ့စပ်ကြောင်းလမ်းထားတာမို့ သိပ်တော့မဆိုးဘူး။
ဒါ့အပြင် ရိပေါ်ကိုကြည့်ရင်း သူ့ကြောင့်
သူ့မောင်လေးက ကိုယ်မချစ်တဲ့သူနဲ့ လက်ထပ်
လိုက်ရလို့ အခုလို အိမ်ထောင်ပျက်ဖြစ်ရတာဆိုပြီး
အသနားပိုကာ မိဘတွေရှေ့ဆို ရိပေါ်ရဲ့
ထင်ရာစိုင်းစွာ လုပ်ခဲ့မှုကို ရှင်းပြပြောဆိုပေးတော့
ရိပေါ် အဲ့လောက်ကြီးထိ နားမပူရ။

ရိပေါ်အတွက်တော့ အရာရာ အဆင်ပြေနေတာပါပဲ။
အင်း အဆင်ပြေတယ်ပဲပြောရမယ်။ အဖြစ်အပျက်
တစ်ခု မတိုင်ခင်အထိပေါ့လေ။

Rewrite the stars (Completed)Where stories live. Discover now