Episode-(7)

5.7K 610 18
                                    

Zawgyi Version

ရိပေါ်က နောက်နှစ်ရက်နေရင် ဟိုကိုပြန်တော့မှာ
ဖြစ်သည်။ ဒီကြားထဲတော့ ဒီလိုပါပဲ။

ရှောင်းကျန့်ကို ဖွင့်မေးချင်တာတွေ ရှိနေပေမဲ့
တကယ်တမ်း မျက်နှာချင်းဆိုင်မိပြန်တော့လဲ
ဘာတစ်ခုမှ နှုတ်ဖျားက ထွက်မကျလာဘူး။
ဒီတိုင်းလေးပဲ ငေးကြည့်ရင်းသာ အချိန်တချို့
ကုန်ဆုံးသွားခဲ့တယ်။

ဒီနေ့တော့ အိမ်တွင်းအောင်းနေတာ ကြာပြီမို့
ကျဲကလဲ သူ့ယောက်ျားမအားတာနဲ့ သွားစရာ
တစ်ခုရှိတဲ့ဆီ ရိပေါ်ကို ချောဆွဲလာလေသည်။
အပြန်ကျ သူ့သားအတွက် ရေခဲမုန့်ဝယ်ဖို့
ရှော့ပင်းစင်တာတစ်ခုကို ပို့ခိုင်းပြန်သည်ကြောင့်
ရိပေါ်မှာ ညစ်ညစ်နှင့်ပါလာရသည်။

"ဟဲ့ ဟိုမှာကျန့်ကျန့်ပဲ..."

"ဟင်..."

ခြေလက်တို့ ထုံကျင်ပြီး မျက်စိတြွေပာဝေစေသည့်
မြင်ကွင်းမျိုးဟာ လွန်ခဲ့တဲ့နှစ်က အရာရာကို
အဆုံးသတ်စေဖို့ စတင်ခဲ့တဲ့ မြင်ကွင်းနှင့်ထပ်တူမို့
ရိပေါ်ကို အတိုင်းအတာတစ်ခုထိ ရိုက်ခတ်နေနိုင်ဆဲ
ဖြစ်သည်။

ရှောင်းကျန့်ဘေး တူညီပါတဲ့ ထိုအမျိုးသမီးဟာ
ယခုချိန်ထိ နေရာယူထားနိုင်ဆဲပါလားနော်။

"ငါခေါ်လိုက်မယ်..."

"မခေါ်နဲ့!"

"ဘာလို့လဲ..."

"မခေါ်နဲ့ဆို မခေါ်နဲ့ပေါ့ ကျဲရာ... နင်အရမ်း
စကားများတာပဲ...အားယွင်အတွက် ဝယ်စရာရှိတာ
ဝယ်ပြီးပြီမလား...ပြန်မယ် လာလိုက်ခဲ့...
သူများအတွဲ သွားမနှောင့်ယှက်နဲ့..."

"ဟင်...ဘာကို သူများအတွဲ...ရိပေါ် နင်ဘာတွေ
ပြောနေတာလဲ..."

ရိပေါ်က သူ့အစ်မပြောတဲ့စကားကို အဆုံးထိ
ဆက်နားထောင်နေရင် ရှောင်းကျန့်ကို သူတို့
ရှိနေကြောင်းမြင်အောင် အသိပေးလိုက်မှာကို
စိုးတာကြောင့် အမြန်အမြန် ဆွဲခေါ်ထုတ်လာ
လေသည်။

ကားပေါ်ရောက်ပြီဆိုတော့မှ သက်ပြင်းတစ်ခုကို
ခပ်ယဲ့ယဲ့ ချနိုင်သည်။ ဘေးနားက ယန်းလီက
သူ့လက်မောင်းကို ဖတ်ခနဲ လာရိုက်တော့မှ
အသိပြန်ဝင်ပြီး စောင်းကြည့်မိတော့ ဟိုကသူ့ကို
နားမလည်နိုင်စွာ ကြည့်နေဆဲပင်။

Rewrite the stars (Completed)Where stories live. Discover now