အခန်း(၇၄) ခန္ဓာကိုယ် ဖောက်စားခံရသလိုလို

3K 263 1
                                    

သရုပ်ဆောင်နှစ်ယောက်စလုံးက လိုက်ဖက်ညီပြီးတော့ ပြောင်မြောက်သော အနုပညာတင်ဆင်မှုအားလည်း ပေးလေတယ်၊ အထူးတလည်ဆိုရင်တော့ နန်ရှီပေါ့ ... သူမကို မကောင်းပြောရမယ် ဆိုတာတောင် မေ့သွားလောက်အောင် လူအားလုံးကို ဇာတ်လမ်းထဲသို့ ဆွဲခေါ်သွားနိုင်လေ၏။

အစတုန်းကတော့ မည်သူမျှ သူတို့ရဲ့ idol ပေါ်သို့ နန်ရှီ့လက်တစ်ချောင်းတောင် မရောက်စေချင်ကြဘူး၊ သို့ပေမယ့် ယခုသော်ဖြင့် ပြောင်းလဲသွာလေပြီ ... သူမ ထိုအရာတို့အား မြန်မြန်ဆန်ဆန်ပြုလုပ်ဖို့ပင် သူတို့ကစိတ်အားထက်သန်စွာ မျှော်လင့်တကြီး ဖြစ်နေကြပြီ။ သူမ ဤသို့ပြုလုပ်နေတာကို ကြည့်ရင်ဖြင့် မသိလျင် သူတို့ကိုယ်တိုင်ပဲ ပြုမူနေရသည့်အလား ရင်ခုန်စိတ်လှုပ်ရှားရပါဘိ။

သေချာတာက အကုန်လုံး သူတို့အာရုံပြန်လည်တဲ့အခါ သူတို့တွေ နန်ရှီ့ကို မနာလိုဖြစ်ကြတာတော့ မလွဲဧကန်ပေ။ သူတို့တွေက ကျန်းမုရယ် ဘေးပတ်ပတ်လည်ဝိုင်းကာ သူ့အား ကျန်းခမ်းသာလို့ မာပါရဲ့လားဟု မေးကြတဲ့အပြင် သူ့သရုပ်ဆောင်မှုဟာ အရမ်းကိုကောင်းလှပါသည် ဟုလည်း ချီးမွှမ်းခန်းများ ဖွင့်ကြလေသည်။

ဒီနေ့မှာ ကျာ့ချင်းချင်းအပြင် တခြားသုန်မှုန်အနေဆုံး ပုဂ္ဂိုလ်ကို ပြောပါဆိုရင်တော့ ... ထိုသူက ကျောင်စီကျိုးပါပေ့။

ကနဦး၌ အဖွဲ့ထဲမှာ သူက နေရာအမြင့်ဆုံးမှာပင် ... သည့်အပြင် မိန်းကလေးများ အကြားမှာလည်း ရေပန်းအစားဆုံးပါပေ၊ ဒါပေမယ့် ယခု ကျန်းမုရယ် ရောက်လာတဲ့အခိုက်တွင် ... အားလုံး၏ အာရုံက အဝေးသို့ ရွေ့သွားလေပြီး ဖြုတ်ခနဲပင် သူ့အား လေစိမ်းတွေ တိုက်သွားကြလေသည်။

သို့ပေမယ့်လည်း အပျော်ဆုံးလူသားကဆိုရင်တော့ ဒါရိုက်တာကြီး ဖြစ်နေမှာ သေချာသလောက်ရှိပေသည်။

ယနေ့၏ ကျန်းမုရယ်နဲ့နန်ရှီကြားက အခန်းတွေအားလုံး အဆင်ပြေပြေချောချော မွေ့မွေ့ပါပင်။ သူတို့နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှဖြင့် သရုပ်ဆောင်သွားလေသည် ... မသိရင် ဒီမတိုင်ခင်က ကြိမ်ဖန်များစွာ ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားသည်ဟုပင် ထင်ရလောက်သည်။

သားတစ်ယောက်ဆို...အဖေလိုက်ပွဲ!အတွဲ၁ [မြန်မာဘာသာပြန်] UnicodeOnlyWhere stories live. Discover now