အခန်း(၃၁) မင်းမှာ တကယ်စူးရှတဲ့မျက်လုံးတွေ ရှိတာပဲ!

3.6K 407 1
                                    

ဒါရိုက်တာကော စကားပြောပြီးသွားတဲ့နောက် သူ့မျက်နှာပေါ်မှာ မျှော်လင့်တကြီး စောင့်စားနေတဲ့ အကြည့်တွေ ရှိလာသည်။

သတင်းထောက်တွေလည်း အလိုအလျောက်ပဲ ဒါရိုက်တာကောရဲ့ မျက်နှာလက္ခဏာနောက်သို့ လှည့်ကြည့်လာကြသည် ... အဲ့နောက် သူတို့အားလုံး မှင်တက်သွားကြ၏။

နန်ရှီက ဒီနေ့မှာ ပန်းခရမ်းရောင်ဇာထည်နဲ့ ပြုလုပ်ထားသောဝတ်စုံကို ဝတ်ဆင်လာ၏။ ဝတ်စုံရဲ့ချုပ်ရိုးကြောင်းက သူမရဲ့ညို့ယူဖမ်းစားနိုင်တဲ့ ကောက်ကြောင်းကို တိတိကျကျ အသားပေးထားလျက် ... လည်ပင်းနေရာက သူမရဲ့တပ်မက်ဖွယ်ညှပ်ရိုးကိုလည်း လှစ်ဟပြထားသေးသည်။ ဒီအရောင်က အနီစစ်စစ်ထက် ဆွဲဆောင်ဖို့ ပိုပြီးတောင် ခက်ခဲတယ်။ ဒီဇိုင်းက လက်ရာမြောက်လှသော်လည်း ဝတ်စုံရောင်ကတော့ လူအများစုအပေါ်မှာဆိုရင် အပေါစား (သို့) လန့်စရာကောင်းတာမျိုးတောင် ဖြစ်သွားလောက်တယ်။

ဒါပေမယ့် ဒီဝတ်စုံကို ကြည့်ရတာ နန်ရှီ့အတွက် ဖန်တီးပေးထားသလိုမျိုးပဲ - အဲ့ဒါက သူမကို အရမ်းလှပသွားစေတယ် ... သူမက လူအားလုံးကို ဖမ်းစားသွားသည်။

စတိုင်လစ်က ဒီဝတ်စုံကို သူမအတွက် ရွေးပေးခဲ့စဉ်အခါက နန်ရှီ ကိုယ်တိုင်တောင် သူမ ဆွဲဆောင်မှုရှိမှာ မဟုတ်ဘူးလို့ ခံစားမိခဲ့တာ၊ ဒါမဲ့ သူမ အဲ့ဒါကို ဝတ်ပြီးသွားတော့ သူမလေး ယုံကြည်ချက်ရှိသွားတော့တယ်။

Glory World ရဲ့ နတ်ဘုရားလက်က မျှော်လင့်ထားသလိုပါပဲ၊ သူ့မျက်လုံးတွေက အရမ်းစူးရှ ထက်မြက်လွန်းတယ်။ သူမကို တခါကြည့်လိုက်တာနဲ့တင် သူမကိုယ်သူမ သိတာထက် သူက ပိုပြီးတော့ သိသေးသည်။

ဒီလိုအခမ်းအနားမျိုးက နန်ရှီရဲ့ပထမဆုံးအကြိမ် ဖြစ်သော်လည်း ... သူမက ဘယ်လိုဖြစ်ဖြစ် နောက်ဆုံးတော့ မင်းသမီးတစ်ယောက်ပဲလေ။ သူမက အမျိုးမျိုးသော ကဏ္ဍတွေနဲ့ အနုပညာရှင်တွေပါဝင်တဲ့ ပွဲတွေကို ကိုယ်တိုင်ကိုယ်ကျ တက်ခဲ့ဖူးပါတယ်၊ ဒါကြောင့်မို့ အနီရောင်ကော်ဇော်ပေါ်မှာ လမ်းလျှောက်တာက ဒီလောက်ကြီးလည်း မခက်ခဲပါဘူး။

သူမရဲ့ခြေလှမ်းတိုင်း ... အမူအရာတွေနဲ့ အပြုံးတိုင်းက ပြေပြေပြစ်ပြစ် ချောချောမွေ့မွေ့ပါပဲ။ သူမက ကင်မရာ ရှုထောင့်အကောင်းဆုံးတွေကို ရှာတွေ့ပြီး ကောင်းမွန်သေသပ်တဲ့ ကိုယ်နေဟန်ထားမျိုးစုံကို ပေးလိုက်သည်။

သားတစ်ယောက်ဆို...အဖေလိုက်ပွဲ!အတွဲ၁ [မြန်မာဘာသာပြန်] UnicodeOnlyWhere stories live. Discover now