အခန်း(၄၂) Good Night, My Girl

3.7K 350 9
                                    

နန်ရှီ သူ့ကို အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ လူဆိုးကြီးတစ်ယောက်ကို ကြည့်သလို မျက်စောင်းထိုးကြည့်ရင်း ချောင်းတဟွတ်ဟွတ်သီးနေရာက ပြန်ကောင်းအောင် ကြိုးစားနေမိ၏။

"ဟက်. . ." အဲ့ဒီ့အမူအရာလေးကို တွေ့တော့ လုထင်းရှောင် ရယ်လိုက်မိတယ်။ သူ့အပြုံးက မျက်ဝန်းအနက်ရှိုင်းဆုံးထိ တိုးဝင်နေတယ်။ သူ စီးကရက်ကို မီးသတ်လိုက်ပြီး သူ့ခံတွင်းထဲက မီးခိုးငွေ့တွေ အရင်မှုတ်ထုတ်လိုက်တယ်။ ပြီးတော့မှ ရှေ့ကို ကိုင်းချကာ ခေါင်းအသာစောင်းပြီး နန်ရှီနှုတ်ခမ်းတွေကို ငုံအုပ်ထားလိုက်တယ်။

နန်ရှီ ထွက်ပြေးဖို့ ကြိုးစားမိပေမယ့် သန်မာတဲ့လက်တစ်ဖက်က သူမရဲ့ ရုန်းကန်နေတဲ့ ခါးကို ချုပ်ကိုင်ထားလိုက်ပြီး အက်ရှသံခပ်တိုးတိုးက ခံစားလွယ်တဲ့ သူမ နား အနားတေ့ကာ ချော့မော့ပြောဆိုလာတယ်။ "ဒီတစ်ခါ ကိုယ် မင်းကို မသီးစေရပါဘူး..."

ဒီလိုပြောပြီးတာနဲ့ ဆေးလိပ်အရသာပြင်းပြင်းအနမ်းတစ်ခုက သူမ အသိဉာဏ်ထဲ တိုးဝင်လွှမ်းမိုးသွားခဲ့တယ်. . . ။

နန်ရှီခမျာ အသိဉာဏ်မဲ့မူးနောက်သွားအောင်ကို အနမ်းခံလိုက်ရတယ်။ သူမ အတွေးတွေက ယောက်ယပ်ခပ်နေပြီး တိမ်တွေထဲ လွင့်မျောနေရသလိုပဲ။

သူမအတွက် ရှင်းလင်းစွာသိနေသည့်အရာကတော့ သူမကို လက်တစ်ဖက်တည်းနှင့်ချုပ်ထားနိုင်သော ဒီလူဟာ ဆေးလိပ်ငွေ့ထက် ပိုအန္တရာယ်များတယ်ဆိုတာပဲ။

ဘန်းကနဲ သူမနောက်က ထိုင်ခုံလျောကျသွားတယ်။ နောက်တော့ အဲ့ဒီ့လူရဲ့ ပူနွေးနေတဲ့ ခန္ဓာကိုယ် သူမအပေါ် ကျလာတယ်။

သူမ ဝင်သက်ကို ပိတ်ပင်ခံထားရပြီး ထွက်သက်ကိုလည်း လုယူခံနေရသလိုပဲ၊ နန်ရှီ သူမ အသိအာရုံတွေ ဝေဝါးသထက် ဝေဝါးလာတာကို ခံစားမိတယ်။ နောက်ဆုံးတော့ အရာအားလုံး အမှောင်ကျသွားသလိုပဲ။

သူ့အောက်က လူဆီမှ တုန့်ပြန်မှုတစ်ခုမှ မရှိတော့တာကို သတိထားမိတော့ လုထင်းရှောင် ခေါင်းမော့ကြည့်လိုက်တယ်။ တစ်ယောက်သောသူကတော့ အိပ်မောကျနေလေရဲ့၊ ဟောက်တောင် ဟောက်လိုက်သေးတယ်။

သားတစ်ယောက်ဆို...အဖေလိုက်ပွဲ!အတွဲ၁ [မြန်မာဘာသာပြန်] UnicodeOnlyWhere stories live. Discover now