ep1💌

11.8K 552 18
                                    

ဘေးမှာချထားသည့်ဖုန်း၏ အသံက လူကိုစိတ်ပျက်စေမိသည်။ ကျွန်တော်ဖုန်းကို ဆက်တဲ့သူမှာကျွန်တော့်ထင်သည့်သူလွဲ၍မည်သူရှိမည်းနည်

ဆုပ်တစ်ချက်သပ်ကာဖုန်းကိုလှမ်းကိုင်လိုက်သည်

"အင်းပြော"

စိတ်မပါ သည့်အသံဖြင့် ပြောလိုက်တော့။တစ်ဖက်က ထွက်လာသည့် အသံက အမြဲကြားနေကျဖြစ်သည့်ကျွန်တော့်အမုန်းဆုံးလူသားရဲ့အသံဖြစ်၏

"မင်းအခုဘယ်မှာလဲjungkook"

အဲ့တာတွေကုိမကြိုက်တာ ကျွန်တော့်ဟာ ခဗျာရဲ့ သားမဟုတ်သလို ကလေး‌တစ်ယောက်လည်း မဟုတ်တော့်ဘူးလေ ဘာလို့ ကျွန်တော့်ကို ခလေးတစ်ယောက်လို လိုက်ချုပ်ချယ်နေရတာလဲ

"ဂိမ်းဆိုင်မှာဂိမ်းဆော့နေတာ"

မဖြေချင်ပင်မဲ့လဲ ဖြေမိခဲ့တာပဲလေ။ခဗျာဆိုကြောက်နေတာလား အကျင့်ဖြစ်နေတာလား မပြောတတ်

"မင်းအဖေက အိမ်ပြန်မရောက်သေးဘူး‌ေပြာလို့ ငါကစိတ်ပူပြီဖုန်းဆက်တာ မင်းကတော့် ဂိမ်းဆိုင်မှာ ပျော်နေတယ်ပေါ့ အခုအိမ်ပြန်တော့"

တွေ့ကြလား ကျွန်တော့်ဘဝရဲ့ နတ်ဆိုးလေး။ ကြောက်ပါတယ်ဆိုပြီး အရှုံးပေးရင်တောင် "မင်းငါ့ကိုကြောက်လို့ရတယ် လွှတ်ချလို့တော့ မရဘူး"လို့ ပြောမဲ့ လူစားမျိုး။သိပ့်မွန်းကျပ်တယ်။

ဘယ်အရာတွေက ခဗျာကိုမုန်းစေခဲ့တာလည်းဆို ထိုအရာတွေသည်သာ။ကျွန်တော် ခဗျာကို ဘယ်လောက် မုန်းလဲဆို ခဗျာကျွန်တော်အတွက် အကောင်းလုပ်ပေးရင်တောင် ကျွန်တော့် မျက်လုံးထဲမှာ မုန်းတဲ့ စိတ်နဲ့ပဲ မြင်နေမိတာ။

"ငါပြောနေတာကြားလား jeon jungkook"

"အင်း.......အဲ....ကြားတယ် ပြန်လိုက်မယ်အခု"

ကျွန်တော့် သူ့ကိုဘယ်လောက်မုန်းမုန်း ဆုပ်ကိုင်ထားရစမြဲပဲ သူ့ကျေးဇူးတွေက ကျွန်တော်ပေါ် မှာတင်မကဘူး ကျွန်တော်တုိ့မိသာစုမှာပေါ်မှာပါအများကြီး။ ကျွန်တော့် ‌omma ရှိခင်ထဲက jimin shii ဆီမှာမှီတွယ် လာခဲ့ရတာ။ အသက်ငယ်ပင်မဲ့ လောကဒဏ်ကို အများကြီးခံထားရတဲ့ jimin shiiက အသက်17နှစ်နဲ့ ကုမ္မဏီကို ဦးဆောင်နိုင်သည်လေ။jimin shiiအမေကတော့မိုးရွာတဲ့ နေ့တစ်နေ့မှာဆုံးသွားတာတဲ့ အဖေကလဲ အဲ့နေမှာပဲ သူတို့ကို ထားခဲ့တာတဲ့လေ။သနားဖို့ ကောင်းတဲ့ jimin shiကို ကျွန်တော်ကတော့် သနားစရာကောင်းတယ်လို့ မမြင်မိ။

လွှတ်ချခွင့်မရှိ(complete)Where stories live. Discover now