(မင်းနဲ့အတူဆို နတ်ပြည်တမျှ)
"မင်းပြောတာဒီနေရာလား
မဆိုးဘူးဆိုပေမယ့် နတ်ပြည်နဲ့တင်စားရလောက်တဲ့ထိတော့ ဟုတ်မနေပါဘူး"ယီမှာ ထိုအရောင်စုံဖြစ်နေသည့် ပန်းပွင့်ပန်းနွယ်တွေကိုကြည့်ုပြီး နှာခေါင်းရူံ့ကာဖြင့်ပြောလိုက်၏။ နန်းတော်ကထွက်လာပြီးလဝက်ခန့်အကြာတွင် ရွဲ့ဂိုဏ်းချုပ်ပြောသော"နတ်ပြည်တမျှနေရာ"သို့ရောက်ရှိခဲ့ပြီဖြစ်သည်။သို့သော် ယီကပဲသဘာဝအလှကိုခံစား၍မတတ်သည်လားမသိ တမူထူးခြားနေသည်ဟုမခံစားရပေ။
"နတ်ပြည်ဆိုတာ သက်ရှိလူသားတွေမြင်ဖူးနိုင်တဲ့နေရာမှမဟုတ်တာ အဲတော့မြင်ဖူးသမျှထဲကအလှဆုံးနေရာကို နတ်ပြည်နဲ့တင်စားရုံပဲလေ"
ရွဲ့ဂိုဏ်းချုပ်၏ထိုစကားကြားသော် ယီမျက်နှာမှာပိုလို့ပင်မဲ့သွားပြီး...
"ငါကအင်အားကြီးနိုင်ငံတစ်နိုင်က ဧကရာဇ်မင်းရဲ့ကိုယ်ရံတော်၊သူ့ရဲ့အရင်းနှီးမိတ်ဆွေလို့လည်းပြောလို့ရတယ် အခုတော့ ဒီတောကြိုတောင်ကြားမှာဘာလုပ်နေရတာလဲ"
ထိုစကားကြားတော့ရွဲ့ဂိုဏ်းမှာရယ်၏။
ယီမှာရှက်ကိုးရှက်ကန်းဖြစ်မိသော်လည်း ဂရုမစိုက်သည့်ဟန်ဖြင့် ခပ်တည်တည်အနီးရှိသစ်ပင်ပေါ်သို့တတ်ရန်ပြင်လိုက်သည်။
ထိုစဉ်ရွဲ့ဂိုဏ်းချူပ်ကအလျှင်မြန်ဖြင့်..."ကိုယ်ရံတော်ကြီး သစ်ပင်ပေါ်တတ်အိပ်ဖို့ကြံနေတာတော့မဟုတ်ပါဘူးနော်"
သည်တစ်ခါတော့ ယီမျက်နှာမှာမဖုံးနိုင်မဖိစွာပင်ရဲလို့သွား၏။
သည်ကိုလာခဲ့သည့်လဝက်ခန့်ခရီးသည် ယီလိုအကြမ်းပတမ်းခံသည့်လူအတွက်တောင် ပင်ပန်းလွန်းသည်။
ယီ၏အကျင့်တစ်ခုမှာ ခရီးသွားနေချိန်တွင် ဘယ်တော့မှသက်တောင့်သက်သာအနားယူလေ့မရှိပဲ ခရီးဆုံးမှသာလျှင်အတိုးချအနားယူလေ့ရှိသည်။
ထို့ကြောင့်ယီမှာအနားယူချင်နေပြီပြီး ဤတောအုပ်၏ အေးမြသည့်လေအေးအေးနှင့် စိုစွတ်စွတ်ရနံ့တို့မှာလည်း ယီလိုအိပ်ရေးမက်တဲ့သူအတွက် မျက်လုံးမှိတ်ချလျှင်ကို အိပ်ပျော်သွားစေမည့်အခြေနေရှိသည်။
YOU ARE READING
ရွဲ့ယီ /ရှဲ့ယီ(Completed 🚨🚨)
Romance"ကျနော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့် " Fic လေးထဲမှ ရွဲ့ဂိုဏ်းချုပ် ဖူယွင့်စန်းကျောင် နဲ့ အမွှာကိုယ်ရံတော် အငယ် ယီ တို့ရဲ့ အချစ်ရေး အချစ်ရာ အဖြာဖြာ......😚 ### "ကျနော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့် " Fic လေးထဲမှ ရွဲ့ဂိုဏ်းချုပ် ဖူယွင့်စန်းကျောင် နဲ့ အမွှာကိုယ်...