part 2

21.7K 1.5K 164
                                    

(လူပေါင်းမှားခြင်း/ခြောက်ချခံရခြင်း -2)

ပိုင်းလော့ကျင်းနဲ့ ယင်း
ယီရပ်နေသည့် နေရာနှင့် မလှမ်းမကမ်းကနေ
စောင့်ကြည့်နေရင်း အခြေနေကိုအကဲခက်နေကျသည်

ကြာလာတော့ ပိုင်းလော့ကျင်းစိတ်ပင်မရှည်ချင်တော့
အပင်အောက်မှာ တောင်လျောက်မြောက်လျောက်လုပ်နေတဲ့ ယီက
ဝေခွဲရခက်နေသည့်ပုံမျိုးပင်

"သေချာမှာလိုက်တာကို အချိန်ဆွဲနေသေးတယ်"

ပိုင်းလော့ကျင်း အားမလိုအားမရဖြစ်စွာပြောလိုက်တော့
ယီက အသာပုံခုံးကိုလာပုတ်ကာ

"စိတ်လျော့စမ်းပါ သူအတွက်အချိန်လိုမှာပေါ့"

"ဟုတ်လား...ကျနော့်အတွက်တော့ အချိန်မလိုဘူးသိလား"

စကားသံနဲ့အတူ အနောက်မှာ ရုတ်တရက် ပေါ်လာတဲ့ရှောင်ကျိကြောင့် ပိုင်းလော့ကျင်း
ရှောင်ကျိပါးစပ်ကို အမြန်လှမ်းအုပ်လိုက်ရတော့သည်

"တိုးတိုးပြောပါ ကလေးရဲ့
မိကုန်တော့မှာပဲ"

ပိုင်းလော့ကျင်းလန့်သွားသလို ယင်းလည်း အတော်ကိုခေါင်းနပန်းကြီးသွားရသည်
ယီသာအကြံတွေသိသွားခဲ့ရင် အရှင်လတ်လတ် အရေခွံနွှာခံရမည်က မလွဲပင်

ရှောင်ကျိ ပါးစပ်ကိုအတင်းလာပိတ်ထားတဲ့
ပိုင်းလော့ကျင်းလက်ကိုဆွဲခွာလိုက်သည်

ဒီလူတွေ မဟုတ်တာတစ်ခုခုလုပ်နေသည်မှာ
ပြောနေစရာပင်မလိုတော့
နေ့ခင်းကြောင်တောင်ကြီးကို ခိုးကြောင်ခိုးဝှက်နဲ့

"ဘာလုပ်နေတာလဲ အဆောင်ကိုလည်းပြန်လာဦးသိလား
လုယိက ခင်ဗျားထမင်းခွံမှစားမယ်လုပ်နေလို့
လိုက်ရှာနေတာကို ဘယ်မှာမှရှာမရဘူး"

ရှောင်ကျိ အော်လိုက်ချင်ပေမယ့်
အခြေနေကိုကြည့်ရသေးတာမို့ လေသံကိုလျော့ထားမိသည်

သို့သော် စိတ်ကတော့ဆိုးနေမြဲ

"ဘာရပ်ကြည့်နေတာလဲ
ညနေစောင်းနေပြီ ယိအာကခုထိနေ့လည်စာမစားရသေးပါဘူးဆိုနေ
အခု အဆောင်ကိုပြန်လိုက်ခဲ့"

စိတ်ဆိုးနေပုံရတဲ့ ရှောင်ကျိကြောင့်
ပိုင်းလော့ကျင်း မတတ်နိုင်တော့ အခြေနေကိုနှမျောပေမယ့်
ပြန်လိုက်သွားရပေတော့မည်

ရွဲ့ယီ /ရှဲ့ယီ(Completed 🚨🚨)Where stories live. Discover now