Part ~ 4 ✨ ( uni + zaw )

463 54 21
                                    

Angelina ဟာအကာအရံနားကို‌ေလျှာက်လာရင်း လူ့လောကနဲ့ Fairy Land ကိုအဝင်အထွက်လုပ်တဲ့ Dream Door ကြီးနားရောက်လာတယ်....
Dream Door ကိုဖြတ်ကျော်ပြီးရုံနဲ့ လူ့လောကကိုရောက်မှာမဟုတ်သေးဘူး
လူတွေ ဒီသုခဘုံလေးကိုမတွေ့ရှိနိုင်အောင် တားဆီးပေးတဲ့ Magical forest ကိုပါဖြတ်ရဦးမှာဖြစ်တယ်... Magical forest ဟာ သူ့နာမည်နဲ့အညီလှပပြီး ဆန်းပြားတယ်...
Snawfus , Tripobero , Crowing Crested Cobra , Wolpertinger , Brethmechin , Moha-Moha , Phoenix စတဲ့
မှော်ဆန်တဲ့ သတ္တဝါတွေ လူသားတွေတခါမှမမြင်ဘူးတဲ့ ဒဏ္ဍာရီလာ သတ္တဝါအချို့ပါနေထိုင်တဲ့ တောအုပ်ကြီးဖြစ်လေတယ်....

( Snawfus - လူတရပ်စာရှိသောသမင်ခန္ဓာကိုယ်နှင့် ပန်းများ‌ပွင့်နေသော ဦးချိုရှိပြီး အတောင်ပံများပါဝင်သော အကောင်မျိုး

Tripobero - လူတယောက်၏ခါးအရွယ်ရှိသော ရေနဂါးခန္ဓာကိုယ်နှင့် ငှက်ခြေထောက်ကဲ့သို့ ခြေထောက်ရှည်များရှိသော ‌အကောင်မျိုး

Crowing Crested Cobra - ကြက်ကဲ့သို့အမောက်နှင့် တွဲကျနေသော အသားပိုပါသော မြွေမျိုး

Wolpertinger - ယုန်ခန္ဓာတွင် သိမ်းငှက်တောင်ပံ ကျားစွယ်နှင့် သမင်ချိုပါဝင်သော အကောင်မျိုး

Brethmechin -  တောင်ခြင်္သေ့မျက်နှာ ၊ ဝံပုလွေလက် ၊ ငါးကိုယ်နှင့် အမြှီးရှည်ရှိကာ လူတစ်ယောက်စာမကကြီးသောအကောင်မျိုး

Moha-Moha - သွားချွန်များပါသော လိပ်ခန္ဓာကိုယ်နှင့် ငါးအမြှီးရှိကာ လူနှစ်ရပ်စာမျှရှိသော အကောင်မျိုး

Phoenix - ဖီးနစ်ငှက် )

Magical forest ရဲ့အစောင့်အရှောက်ဟာ အလွန်ချောမောတဲ့ Angle တပါးဖြစ်တယ်..
တောအုပ်ကိုဖြတ်သန်းဖို့ဆိုရင် သူမဆီမှာ အစစ်ဆေးခံရတယ်...
သူမစစ်ဆေးမှုမှာအောင်မြင်တဲ့သူသာလျှင် အန္တရာယ်ကင်းစွာ တဖက်လောကကိုရောက်တဲ့အထိဖြတ်သန်းခွင့်ရတယ်....

Angelina ကတော့ Dream Door ကိုဖြတ်သန်းပြီးတာနဲ့ မတူကွဲပြားတဲ့ ပတ်ဝန်းကျင်နဲ့ လေထုကို ခံစားမိလိုက်တယ်...

\ မင်းသားငယ်က ကျွန်မရဲ့ တောအုပ်ထဲ ဘယ်လိုရောက်လာပါလိမ့် အလည်လာတာတော့ မဟုတ်ဘူးထင်တယ် \

သူဟာတောအုပ်ထဲကိုခြေချလိုက်ချိန်မှာပဲ ကြားလိုက်ရတဲ့ သာယာနာပျော်ဖွယ်အသံတခု....
အသံဆုံးတာနဲ့ သူ့ရှေ့နားက သစ်ငုတ်တခုပေါ်မှာ သူ့ကိုလှမ်းကြည့်နေတဲ့ ချောမောလှပတဲ့ Angle တပါး...
ချောတယ်ဆိုပေမယ့် သူ့ကိုတော့ဘယ်မှီမလဲ..ဒါပေါ့ ငါကစောက်ချောကြီးပဲဟာ...
ကိုယ့်ဘာသာတွေးရင်း ဂုဏ်ဆာနေမှုဟာ အရှေ့က Angle ရဲ့အသံကြောင့်ပျောက်ကွယ်သွညးလေတယ်...

꧁ℝ𝔼𝔹𝕀ℝ𝕋ℍ 𝕀ℕ 𝔸 𝔽𝔸𝕀ℝ𝕐𝕋𝔸𝕃𝔼꧂ «♡Complete♡» Where stories live. Discover now