Part ~ 10 ✨( uni + Zaw )

381 53 13
                                    

FairyTale ကိုပြင်ဆင်ချိန်ရောက်ပြီ...

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

" တွေ့ရတာဝမ်းသာပါတယ်... Glorina .. "
အပြုံးတုတခုကို ပန်ဆင်ပြီး နှုတ်ဆက်လိုက်တော့ အံ့ဩနေဟန်ကြည့်‌လာပေမယ့် မျက်လုံးထဲက မာနနဲ့လောဘအရိပ်အယောင်တွေကို ဖမ်းမိနေသေးတယ်...
သရုပ်ဆောင်တာ ညံ့လိုက်တာ...

" ငါ့ကို ဘယ်သူမှန်းသိရင် ငါ့လိုလူကို မမလေး လို့တပ်ခေါ်ရမှာ နင်နားမလည်ဘူးလား"

လာလာချည်သေး ဆုတောင်းလေ အမရယ်..

" အိုး... ကျွန်တော်သိတာကတော့ မမလေး ဆိုတဲ့စကားလုံးဟာ အိန္ဒြေသိက္ခာပြည့်ဝပြီး မောက်မာခြင်းမရှိ ၊ ယဉ်ကျေးလှပတဲ့ မိန်းမငယ်တွေကိုသာ သုံးတဲ့ အသုံးအနှုန်းပါ...
ဒီကအမက အဲ့လိုအဓိပ္ပာယ်ပြည့်ဝတဲ့ အသုံးအနှုန်းနဲ့ သုံးနှုန်းပေးဖို့ တန်လို့လား "

Angelina ရဲ့စကားကြောင့် သူမရဲ့မျက်နှာက ခရမ်းပုပ်ရောင်ပြောင်းလဲသွားလေတယ်...

" နင် ... နင့်လို‌အောက်တန်းစား ၊ သူတောင်းစားသာသာကများ .. ငါ့လိုလူကိုပြောရဲတယ်ပေါ့..."

* ဖြန်း *

" မင်းဘာလုပ်တာလဲ Glorina "
ထိုအသံနဲ့အတူ ပေါ်လာတဲ့ တတိယ‌ဇာတ်လိုက်ဖြစ်တဲ့ အင်ပီယိုအင်ပါယာရဲ့
အငယ်ဆုံးစစ်သူကြီးချုပ် Frank Huntin...
ဟုတ်တယ် Frank ကအစကတည်းက သူတို့နောက်မှာရောက်နေပြီးသား... ဟိုမိန်းမကကျောပေးထားလို့ မမြင်ရပေမယ့် Angelinaက သာမာန်လူမှမဟုတ်တာ...
ဘာပဲဖြစ်ဖြစ် 'ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပေါ့'...
( ဒီနားလေးက မေးခွန်းတခု..
အဲ့'ငှက်နှစ်ကောင်'က ဘာကိုဆိုလိုချင်တာလဲ ဆိုတာနားလည်သလိုဖြေကြည့်ကြပါ...
အဖြေမှန်ရင် မနက်ဖြန် ထပ်တင်ပေးမယ်...)

" Fr...Frank... မဟုတ်ဘူး... ရှင် ရှင်မြင်နေသလိုမဟုတ်ပါဘူး... ကျွန်မကိုသူ..သူစော်ကားလို့လုပ်ရတာပါ... သူ သူကရှင်ရောက်နေမှန်းသိလို့ လုပ်တာပါ..."

တုန်ရီစွာပြောနေတဲ့ ဇာတ်လိုက်မကို မဲ့ပြုံးနဲ့ကြည့်နေမိတယ်... ဇာတ်လိုက်မက ဇာတ်လိုက်ကိုကြိုက်တယ်ပြောပေမယ့် အဓိကက အာဏာကြောင့် ပိုကပ်နေတာ...
ဒါကြောင့် သူမက သူ့မနားက အာဏာရှိတဲ့သူတွေကို တယောက်မှမဆုံးရှုံးချင်တာ...
သူမက မြေခွေးမိစ္ဆာလိုပဲ တဏှာကြီးသလို အလိုလောဘလဲကြီးတယ်...
ပြောရမယ်ဆိုရင် ဇာတ်လိုက်မက ဇာတ်လိုက်နဲ့မညားခင်ကတည်းက တခြားအာဏာရှိတဲ့ အမျိုးသားတွေနဲ့ လိင်ဆက်ဆံတယ်...
ဇာတ်လိုက်နဲ့ညားတော့လဲ ဇာတ်လမ်းထဲမှာ Happily ever after လို့ရေးထားပေမယ့် တကယ်ကတော့ ဇာတ်လိုက်ဟာဦးထုပ်စိမ်းဆောင်းခံရတဲ့ နွားသာသာပဲ...
ဘယ်တော့မှ Happily ever after ဆိုတာမရှိဘူးလေ...

꧁ℝ𝔼𝔹𝕀ℝ𝕋ℍ 𝕀ℕ 𝔸 𝔽𝔸𝕀ℝ𝕐𝕋𝔸𝕃𝔼꧂ «♡Complete♡» Where stories live. Discover now