Final - A ✨ ( Uni + Zaw )

320 32 11
                                    

မနက်ခင်းနေရောင်သည် တောက်ပစွာဖြာဝေနေသည် ။ အင်ပီယိုအင်ပါယာသည် ပြည်သူပြည်သားတို့က ပျော်ရွှင်စွာလှုပ်ရှားသွားလာသံတို့ကြား နေ့သစ်တခုကို စတင်နေလေပြီ ။
အင်ပီယိုအင်ပါယာနန်းတော်တွင်လဲ အိမ်ရှေ့စံ ကလေးတစ်ယောက်ကောက်ရခဲ့တာ ခြောက်လပြည့်ခဲ့လေပြီ ။
Angelina ဟာ အစပိုင်းတွင်တည်ငြိမ်သည့်ပုံစံနေသော်လဲ ကြာလာသည်နှင့်အမျှ ကလေးဆိုးလေးတယောက်လို ရစ်စိန်ချွဲစိန်လေးဖြစ်လာကာ နန်းတော်တခုလုံးရဲ့အသဲကျော်လေးဖြစ်နေလေပြီ ။ သေချာပေါက်ကိုပဲ ဇာတ်လိုက်မ တို့ဘက်ကလူတွေမပါဘူးပေါ့ ။

တခြားအပြောင်းအလဲအနေနဲ့ဆိုရင်တော့ Pick နဲ့ Homio တို့ကအတွဲတွေဖြစ်နေကြပြီး လက်ထပ်ပွဲကျင်းပဖို့တောင် အစီအစဉ်ဆွဲနေကြပြီ ။ Pick ကိုလဲ သူ့ရဲ့စစ်သူကြီးမျိုးရိုးကို ပြန်လည်ပေးအပ်ပြီးပြီ ။ အမျိုးသမီးစစ်သူကြီးအဖြစ် အင်ပီယိုအင်ပါယာရဲ့တာဝန်တွေကို ထမ်းဆောင်နေတဲ့ Pick က အချိန်တွေမအားလပ်တော့ပေမယ့် Angelina နဲ့အမြဲလာတွေ့ပေးတယ် ။

Hanzi အင်း........ Hanzi ကတော့ ပွဲညပြီးကတည်းက Simo ကခေါ်သွားပြီး ဆွဲဆတ်လုပ်လိုက်တာနဲ့ ချစ်သူတွေဖြစ်ကုန်ကြပြီလေ။ ကျန်တဲ့အရာတွေကတော့ ပုံမှန်အတိုင်း လည်ပတ်ဆဲပင် ။

ယနေ့ဟာ ခြောက်လပြည့်တဲ့နေ့ဖြစ်သလို Angelina ပုံပြောင်းတဲ့ဖြစ်ပြီး အရင် Angelina ကဒီနေ့မှာပဲ အသတ်ခံခဲ့ရသည် ။ ထို့ကြောင့် ဒီနေ့ကို အထူးဂရုထားနေရသည် ။
ဘယ်အချိန်ပြန်ပြောင်းမလဲမသိတာမို့ အိပ်ခန်းအပြင်ကိုတောင် မထွက်ချင်တဲ့အထိပင် ။

တဖက်တွင်ဝော့ာ.....

" မိန်းကလေး မင်းလိုချင်ရင် မင်းပြန်ပေးဆပ်ရလိမ့်မယ်။ "

" ရတယ် ဘာပဲဖြစ်ဖြစ် အဲ့အကောင်ကို သေစေမယ်ဆို ရပြီ ။ "

လက်သည်းချွန်ချွန်တို့နှင့် ညှပ်ကာ ပါလာသော ကြောက်မက်ဖွယ်အနက်ရောင်အခိုးအငွေ့တို့ပြည့်နက်တွေပါသော ပုလင်းငယ်အား လှမ်းယူကာ တဖက်လူအား ကျောခိုင်းလိုက်တော့သည် ။

အရေးအကြောင်းများနှင့်အကျည်းတန်နေပါသော အဘွားအိုကြီးက ခေါင်းအားခပ်ဆတ်ဆတ်ငြိမ့်လိုက်ရင်း ပါးရေတို့တွန့်သည်အထိ ပြုံးလိုက်သည် ။
သို့သော် ကျောခိုင်းထွက်ခွာသွားသော အမျိုးသမီးငယ်အားကြည့်ရင်း သူ့အပြုံးတို့ဟာ အဓိပ္ပာယ်တမျိုးဖော်ဆောင်သွားတော့သည် ။

꧁ℝ𝔼𝔹𝕀ℝ𝕋ℍ 𝕀ℕ 𝔸 𝔽𝔸𝕀ℝ𝕐𝕋𝔸𝕃𝔼꧂ «♡Complete♡» Where stories live. Discover now