Endless hunger Epi{1}

100K 830 22
                                    

"မိခြူး ပြန်ပေးစမ်း....အဲ့ဒါငါ့ကောင်မလေးကိုပေးဖို့ဟဲ့"
"လိုချင်ရင် ငါ့ကိုမှီအောင်လိုက်လေ🤪🤪"
"မသာမ ပြန်ပေးဆို"
"မပေးဘူးဟာ ငါ့ကိုဖမ်းမိရင်ရမယ်"
"အေး ပြေးစမ်း နင်မိလို့ကတော့အသေပဲ"
"😝😝😝😝"

"အားးးးးးးးးးးး"
"အောင်မလေးဘုရား"

ခြူးကမာန်ကိုစပြီးပြေးရင်းလမ်းမှာ‌ေရဘူးကိုင်ထားတဲ့လူတစ်ယောက်ကိုဝင်တိုက်မိသွားသည်။

"ကြည့်စမ်း စိုကုန်ပြီ 😤မင်းဘယ်လိုပြေးလာတာလဲ လူတစ်ယောက်လုံးလမ်းလျှောက်နေတာမမြင်ဘူးလား😠"
"တောင်းပန်ပါတယ်ရှင့် ခြူးကသူငယ်ချင်းကိုစရင်းပြေးလာတာ‌ေကြာင့် မမြင်မိလိုက်လို့ပါ😁"

လှမ်းကြည့်လိုက်တာနဲ့အခြေအနေမကောင်းသည်ကိုသိသောကြောင့်မာန်တစ်ယောက်နောက်လှည့်ကာပြေးတော့သည်။
(အဲ့လိုသူငယ်ချင်းကိုချစ်တာ🤣)

"😠ရုပ်ကိုကစပ်ဖြဲဖြဲနဲ့ မိန်းကလေးဖြစ်ပြီး အိန္ဒြေကိုမရှိဘူး ပြေးလွှားနေလိုက်တာ မင်းအိမ်လို့ထင်နေတာလား"
"😕ခြူးတောင်းပန်နေတယ်လေ အဲ့လောက်စိတ်ဆိုးစရာလိုလို့လား စကားပြောတာလွန်လိုက်တာ.....မတော်တဆဖြစ်တာသိနေတာပဲ ခွင့်လွှတ်လိုက်ပါ့လား"
"မင်းအစိုခံကြည့်လေ"
"တောင်းပန်တယ်🙏ကျေနပ်ပြီလား......မကျေနပ်လို့ ရုံးခန်းထဲထိသွားရှင်းချင်ရင်‌ေတာ့အချိန်မ‌ေရွးပဲ နာမည်ကပိုးထက်ခြူးမွန် 9Aက ဒီလောက်ဆိုလုံလောက်ပြီထင်တယ် ခွင့်ပြုပါဦး"
ခြူးတစ်ယောက်ပြောချင်ရာပြောပီးဘအတန်းထဲသို့သာပြန်သွားတော့သည်။

"စောက်ခလေးမ ပြောပုံကိုကစောက်ချိုးမပြေဘူး😠ခြောက်အောင်မနည်းလုပ်ရတော့မှာပဲ"

သွေးတစ်ယောက် ပွစိပွစိနဲ့ ကျောင်းအပေါ်ထပ်ရှိ10 Cသို့တက်သွားတော့သည်။

----------------------------------

"ခြူး ဘာဖြစ်လာတာလဲ ပွစိပွစိနဲ့"
"ကျော့ရယ် မပြောချင်ပါဘူး ဘွားတော်တစ်ယောက်နဲ့တိုးလာလို့ ငါ့ကိုဟယ် ပြောလွှတ်လိုက်တာ အိ‌န္ဒြေမရှိဘူးလေးဘာလေးနဲ့😑"

"Awwအဲ့ဒါကြောင့် လိုက်ဖမ်းတဲ့မာန်က ငြိမ်ကုပ်ပြီးအရင်ပြန်ရောက်လာတာကို🧐"
"ဟဲဟဲ😁"
"ဘာဟဲဟဲလဲ ရော့ နင့်ပစ္စည်း အရမ်းအားကိုးရတဲ့သူငယ်ချင်း😤ငါ့ဘက်ကဝင်ပြောပေးမယ်မရှိဘူး သူကအရင်လစ်ထွက်လာတယ်"
"သူငယ်ချင်းကလည်း😁"
"ဘာမှထပ်မပြောကြနဲ့တော့ ဒီနေ့တော့ငါအသေတင်းတယ်😤"
"အေးပါဟယ် လာလာ ထိုင်တော့"

Endless hungerTempat cerita menjadi hidup. Temukan sekarang