Ep{4}

22.3K 454 4
                                    

ဒီနေ့သွေးရဲ့အကိုခေါ်လို့သာကျောင်းမဆင်းခင်တည်းကလိုက်လာခဲ့ရတယ် စိတ်ကတော့ကလေးဆီမှာသာ။ ဒီကလေးသူ့ကိုသတိမှရပါ့မလား။ မျက်နှာလေးကိုမြင်ချင်လိုက်တာ။

"အငယ်မ!!!!"
"ရှင် ကိုကို"
"နင်ငါနဲ့လိုက်နေဟာ"
" ဟာကိုကိုကလည်း သမီးလိုက်နေရင် အမေတစ်‌ေယာက်တည်းဖြစ်သွားမှာပေါ့"
"အမေ့လည်းခေါ်မယ်"
"ကိုကိုရယ် ကိုကိုကသာအိမ်ပြန်လာရမှာ"
"အိမ်? အိမ်မဟုတ်ဘူး ငရဲဟ!"
"အင်း ကိုကို့သဘောပါမလိုက်ချင်လည်း"
"နင်ငါနဲ့လိုက်နေ"
"ကိုကိုကလည်း ညီမလေးပါအိမ်ကထွက်သွားရင်အမေရင်ကွဲလိမ့်မယ်"
"နေ့တိုင်းအဖေနဲ့အမေဘယ်တော့ရန်ဖြစ်မလဲ တွေးပူပြီးကြောက်နေရတဲ့နင်ကရောရင်မကွဲဘူးလား"
"အဲ့ဒါကတော့ကိုကိုရယ်...."
"ညီမလေးရယ် ညီမလေးပင်ပန်းနေတာကိုကိုမကြည့်ချင်ဘူး အခုက၁၀တန်း ဒီနှစ်တော့ညီမလေးကိုဘာအခက်အခဲမှမရှ်ိဘဲစာမေးပွဲဖြေစေချင်တယ်ကွာ"
"ဟုတ်ကဲ့ပါ ဒါနဲ့ကိုကို‌ေနရောကောင်းရဲ့လားပိန်သွားသလိုပဲ"
"ကောင်းပါတယ် ခုရက်ပိုင်းသိပ်အိပ်မပျော်လို့"
"မမနွယ်နဲ့ရန်ဖြစ်ထားလို့လား"
"အဲ့ဒါလည်းနည်းနည်းပါတာပေါ့ဟာ"
"ကိုကိုပိုက်ဆံရောရှိရဲ့လား"
"ရှိပါတယ် အစကတော့ ကိုတိုးတို့ဆီမှာအထုပ်ဆွဲပညာသင်ဆိုပေမဲ့ ခုကိုကို ဆိုင်ဖွင့်လိုက်ပြီလေ အစပိုင်းတော့သိပ်အဆင်မပြေဘူး ခုတော့နည်းနည်းပြေလာပါပြီ"
"ကိုကိုရယ် ဘာလို့ဆေးရုံမှာအလုပ်မဝင်တာလဲ"
"ဆရာဝန်ဆိုတာငါဖြစ်ချင်တာမဟုတ်ဘူးဟ အဖေရဲ့ဆန္ဒ ငါ့ဆန္ဒကဓာတ်ပုံရိုက်တာပဲ"
"အင်းပါ အရင်ကိစ္စတွေပြန်တွေးရတာရင်မောတယ်ကိုကိုရယ်"
" အင်း ငါ့ညီမလေးနေကောင်းအောင်နေနော် ကျောင်းဆင်းချိန်ကျရင်ကိုကိုအိမ်ပြန်ပို့ပေးမယ် အ‌ေဖကအရင်လိုပဲမလား"
"ဟုတ်ကိုကို အရင်လိုပဲ ညဘက်မှပြန်လာတယ်"
"အင်း ညီမလေးဘာလိုသေးလဲ ကိုကိုလိုက်ဝယ်ပေးမယ်လေ"
"မလိုပါဘူးကိုကိုရဲ့ ကိုကိုနဲ့တွေ့ရတာတင်ညီမလေးကပျော်နေပြီ"
"ငါ့ညီမကတော့ချုပ်ပြီဟေ့"
"😂😂"
"ကိုကိုတို့ဘုရားသွားကြမယ်ညီမလေး"
"ဟုတ်ကဲ့"

သွေးကအကိုနဲ့ဘုရားသွားပြီးနောက်မုန့်စားကြတယ်။

"ကိုကိုအိမ်ထဲဝင်ဦးလေ"
"တော်ပါပြီဟာ ငါဒီအိမ်ထဲထပ်မဝင်ဘူးဆုံးဖြတ်ပြီးပြီ ကြီးကြီးကိုပြောပေးဦးနော်ငါသတိရပါတယ်လို့ အဆင်လည်းပြေပါတယ်လို့"
"ဟုတ်ကဲ့ ကိုကို ခနလေးနော် ဒီမှာရပ်စောင့်နေ သမီးပြန်လာခဲ့မယ်"
"ဘာလုပ်မလို့လဲ"
"စောင့်ပါဆို"
သွေးအိမ်ထဲပြေးဝင်သွားတယ် ခနနေတော့ပြန်ထွက်လာပြီး
" ဒီမှာကိုကို ဒီပိုက်ဆံလေးတော့ယူသွားနော် သမီးစုထားတာ ၃သိန်းလောက်တော့ရှိမယ်ထင်တယ်"
"ဟာ မယူပါဘူး ဘာကိစ္စယူရမှာလဲ နင်ကငါ့ညီမ ငါကတောင်ပြန်ပေးရမှာ မယူနိုင်ဘူး"
"ကိုကိုရယ် သမီးကအိမ်မှာကျန်ခဲ့တဲ့လူပါ သမီးကအဆင်ပြေတယ် မုန့်ဖိုးအမြဲရပါတယ် ကိုကိုကသာ စားဖို့ကအစပူနေရတာ သမီးကိုစိတ်မကောင်းအောင်မလုပ်ပါနဲ့နော် မလိုသေးလည်းသိမ်းထားလိုက်နော် cameraဝယ်ဖို့စုတယ်သဘောထားလိုက်ပါ နော်ကိုကို"
"ညီမလေးရယ်"
သွေးရဲ့အကိုကသွေးကိုဖက်လိုက်တယ်။မျက်ရည်အဝိုင်းသားလေးလည်းဖြစ်သွားရှာတယ် ဒီလိုသိတတ်ပြီးစိတ်ပူပေးမဲ့ညီမလေးကိုရထားတာမို့ဝမ်းနည်းဝမ်းသာလည်းဖြစ်မိတယ်။
"ညီမလေးကျန်းမာရေးဂရုစိုက်နော်"
"ဟုတ်ကဲ့ကိုကို ကိုကိုလည်းဂရုစိုက်နော်မမနွယ်နဲ့လည်းအဆင်ပြေအောင်နေပါ"
"အင်းပါ ကိုကိုသွားတော့မယ်နော် ထမင်းလည်းမှန်မှန်စားဦး မွ"
"ဟုတ်ကဲ့ တာ့တာ"
"တာ့တာ တာ့တာ"
ကိုကိုကဆိုင်ကယ်မောင်းပြီးပြန်ထွက်သွားတော့သွေးလည်းအိမ်ထဲသာဝင်လာခဲ့တော့သည်။

Endless hungerWhere stories live. Discover now