Endless hunger Epi{2}

27.8K 568 11
                                    

နောက်တစ်နေ့၌
*😔ကလေးကိုအားနာလိုက်တာ မနေ့ကငါ့ကြောင့် ကလေးလေးအန်သွားရတာ ဒီနေ့တွေ့ရင်တော့တောင်းပန်ရမယ်*

(ယူတို့က‌ မြင်မြင်ခြင်းအချစ်ကြောင်းသိပီးသားမို့လို့ အကျယ်တဝင့်နဲ့ ချစ်ကြောင်းရေးမပြတော့ဘူးနော်😁)

"မောင်လေးရေ ဦးကိုအော်ပြောလိုက်အုန်း ဒီနေ့ ခြူးကျောင်းမတက်ဘူးလို့"
"ဟုတ်မမ"
"ညီမလေး"
"ရှင် သမီးကိုခေါ်တာလား"
"ဟုတ်တယ် မင်းနာမည်ကမြတ်ပိုင်ဆိုလား"
"ဟုတ် ဟုတ်ပါတယ် ဘာဖစ်လို့လဲဟင်မကြီး"
"ဟိုလေ တီကောင်မလေးကကျောင်းမတက်ဘူးလားဟင်"
"ဟုတ်တယ်မကြီး သူကအန်ပီးတာနဲ့ကိုယ်ပူလာရော မနေ့ကလည်းကျူရှင်ကိုမလာမိုင်ဘူးလေ"
"Awwဟုတ်လား မကြောင့်သူဒီလောက်တောင်ဖြစ်သွားတာလား😔"
"စိတ်တော့မဆိုးနဲ့နော် သူကအစွန်မှာပဲထိုင်လို့ရတာ မနေ့ကအတွင်းထဲဝင်ထိုင်ဖြစ်လို့ခုလိုမျိုးနေမကောင်းဖြစ်သွားတာ"
"အင်းပါ မကလည်း သူမကိုတမင်ကျပ်နေတယ်ထင်လို့ စလိုက်မိတာပါ😔 မကြောင့်လူတစ်ယောက်အဲ့လိုဖြစ်တယ်ဆိုတော့ မကောင်းဘူးလေ"
"ဟုတ် 😬"
"ဒါနဲ့ညီမလေးတို့ကျူရှင်ကဘယ်မှာလဲဟင်"
"#@#$မှာကျောင်းက ဆရာမဒေါ်ဝင့်ထည်နဲ့ ဒေါ်မိုးမြတ်နွယ်တို့ပါတယ်လေ ၉ ၁၀ပဲသင်တာ"
"ဟုတ်လား မကိုလည်းအိမ်ကကျူရှင်အပ်ထားတယ် ဒေါ်ဝင့်ထည်တော့ပါတယ်ပြောတာပဲ မတို့ecoဆရာမလေ"

အမှန်တော့ ထိုကျူရှင်ကို‌ေသွးခုမှကြားဖူးခြင်းဖြစ်သည် သူမ၏ကလေးနှင့်နီးစပ်‌စေလိုသဖြင့်ထိုကဲ့သို့ပြောခြင်းသာဖြစ်ပေသည်။

"Awwဟုတ်က‌ဲ့"
"ကျောင်းနားရောက်တော့မယ် လွယ်အိတ်ယူတော့လေ ညီမလေး"
"ဟုတ်ကဲ့"

သွေးတစ်နေ့လုံးနေလို့မကောင်းပေ ကလေးကိုသာသတိရမိနေသည်။ သူ့ကြောင့်ကလေးခုလိုဖြစ်သွားရတဲ့အတွက်လည်းစိတ်မကောင်းဖစ်ရသည်။ ထိုကလေးကိုခုမှမြင်ဖူးခြင်းဖြစ်သည် သို့သော် ကလေးအပေါ်ကိုမြင်မြင်ချင်းစွဲလမ်းမိခဲ့ရသည်။ ကလေးနှင့်ဝင်တိုက်မိသည့်အချိန်တည်းကနှလုံးခုန်သံတွေမြည်သံဟိန်းလာကာ မနေတတ်မထိုင်တတ်နှင့်အချစ်ဆိုသည့်အရသာကိုခံစားခဲ့ရသည်။ သို့သော် သူမနှလုံးခုန်သံကျယ်ကျယ်လောင်ကိုကလေးကြားသွားမှာစိုးရိမ်သည့်အတွက်စကားကြမ်းကြမ်းထွက်မိသွားသည်။ ကလေးကလည်းစွာပေသည် သူမကိုနှုတ်ခမ်းလေးတစ်ထော်ထော် အပြုံးတုလေးနှင့်ခပ်ရွဲ့ရွဲ့ပြန်ပြောနေသည်ကိုသွေးတစ်ယောက်အလွန်ပင်သဘောကျမိသည် ထို့ကြောင့်စနောက်ချင်စိတ်ဖြစ်ပေါ်ကာ ကလေးကိုမာမာထန်ထန်ပြောဖစ်လိုက်သည် ကလေးစိတ်ဆိုးနေသည်မှာအရမ်းချစ်ဖို့ကောင်းသည်။ချစ်ဖို့ကောင်းလွန်းလို့ရယ်ချင်စိတ်ကိုမနည်း‌ထိန်းထားရသည်။ ကလေး ထိုကလေးကိုသူမနှလုံးသားအတွင်းနက်နက်ထဲကပင်အလွန်အမင်းချစ်နေမိတော့သည်။

______________________________________

"ဂါးးးးးးစိတ်တိုလိုက်တာ ခုလိုဖြစ်ရတာ အဖွားကြီးကြောင့် ဒီအဖွားကြီးက ခုမှပြောင်းလာတာတဲ့ ခုမှပြောင်းပေလို့ပဲ စောစောကသာပြောင်းလာရင်အုပ်ကြီးနေရာတောင်လုနေမလားမသိဘူး"

ခြူးတစ်ယောက်ကုတင်ပေါ်တွင် လှဲရင်းသွေးအကြောင်းပွစိပွစိပြောနေလေသည်။
(တကယ်တော့ခြူးကမှအဖွားကြီးနဲ့ပိုတူတာ🤣)

"😑မိခြူး နင်ဘာဖြစ်နေလဲ သူ့ကိုစိတ်ပဲတိုရမ‌ှာလေ ဘာလို့ နှလုံးခုန်တာမြန်လာရတာလ‌‌ဲ ဟူးးးးးငါဟာလေ ရူးနေပြီလားမသိပါဘူး အဖွားကြီး ရှင့်ကြောင့် ခုလိုဖြစ်နေရတာ တွေ့လို့ကတော့စုတ်ဖြဲပစ်မယ်😤

🙄ငါအဲ့လိုလုပ်ရင်သူနာသွားမှာတော့ ငါ့ကိုအထင်လွဲသွားမှာပေ့ါ
ဟာာာာာာမသိတော့ဘူး အဖွားကြီး ရှင့်ကြောင့်ရူးတော့မယ် အိပ်တာပဲကောင်းတယ်😤"
18 minutes later
Ring Ring Ring....
"ဟာ ဘယ်သူလဲ အိပ်မလို့ပါဆို"
"Helloခြူးလေး နေကောင်းပြီလား"
"မြတ်ပိုင်! အင်း ငါကောင်းပါပြီ"
"ဒီညနေကျူရှင်လာမှာလား"
"ဟင့် မလာချင်ဘူး😞"
"ငပျင်း😒သိတယ်နော် မလာချင်တာပျင်းလို့မလား"
"ဟီးဟီး ဒါတော့ဒါပေါ့နော်😁"
"အင်းပါ ပီးရော ဒါနဲ့ ဟိုမကြီးသွေးကနင့်ကိုတောင်းပန်ပါတယ်တဲ့"
"ဘယ်မကြီးလဲ"
"နင်နဲ့ကိုက်နေတဲ့တစ်ယောက်ဟေ့😏"
"Aww နာမည်ကသွေးလား ငါမှမသိတာဟ"
"အေး အိမ့်သွေးဖြူတဲ့ ဆယ်တန်းက မနှစ်ကတည်းက၁၀တန်းတက်နေတာတဲ့ ဒါမဲ့သူ့အမေကနယ်ပြောင်းမို့လို့တစ်နှစ်အောက်ရတာ ငါတို့ထက်၂နှစ်ကြီးတာပေါ့ဟယ်"
"Aww"
"အေး awwမနေနဲ့ သူက ကားတူရုံတင်မဟုတ်ဘူး ကျူရှင်ပါတူမလားမသိဘူး"
"တကယ်😳"
‌"အေး အဲ့ဒါနင်တို့အဆင်ပြေအောင်နေကျ ဒါပဲ ကျူရှင်သွားဖို့ရေချိုးတော့မယ်"

ပြောရင်းနှင့်ပင် မြတ်ပိုင် ဖုန်းချသွားလေရဲ့

ခြူးကတော့ပျော်နေရှာပြီ စိတ်လှုပ်ရှားလွန်စလို့အခုပဲကျူရှင်တောင်ပြေးတက်ချင်လာပီ သို့သော် သူမကဒီနေ့ကျူရှင်မတက်ဘူးပြောခဲ့တာကြောင့် ခြူးမေမေက အိမ်ရှေ့ကနှင့်တံခါးကိုသော့ခတ်သွားလေသည် ခြူး ထွက်စရာ‌အပေါက်မရှိတော့😑

"ဟူးးးးးးးးရင်ခုန်လိုက်တာ အမြင်ကပ်ပေမဲ့ ချစ်နေမိတာလားမသိဘူး"

(ဘာမှလာမပြောကြနဲ့ +ရေးချင်နေလို့ ခုခန်းတွေမြန်မြန်ရေးနေတာ🙂 ၂ယောက်လုံးကlesbian မြင်မြင်ချင်းချစ်တယ် 👌
သာသာ့ ဖန်လေးတွေလည်း +ကိုဖတ်ချင်နေမှာပေါ့ သာသာကတော့ရေးချင်နေပြီ😁)

ကဲကဲ တော်ပီ ဒီနေ့တော့ဒီလောက်ပဲနော်။ bye .....

Endless hungerWhere stories live. Discover now