Beginning OR Ending???

2K 139 1
                                    

                     The World Of Two


Luhan ကားကို အမြန်မောင်းပီး xiumin ရှိရာ comapany သို့ ဇောနှင့်မောင်းလာလေရဲ့။

company ရောက်တော့ Xiu ၏အခန်းမှာမှောင်မဲနေသည်။

မီးဖွင့်၍ ရှာသော်လည်း Xiu စားပွဲတွင်မရှိ ပစ္စည်းများလဲ မရှိသဖြင့် အိမ်ပြန်သွားသည်ပင်။

ဒါပေမဲ့ ဘယ်လိုပြန်မလဲ???သူမရှိဘဲ Xiumin တစ်ယောက်ထဲပြန်သွားရတယ်ဟုစဉ်းစားမိလိုက်၍ ရင်ဘတ်ထဲတွင် အောင့်လာခဲ့သည်။

သူ၏ xiumin အဆင်မှပြေပါ့မလား??စိုးရိမ်စိတ်ကိုမထိန်းနိုင်သဖြင့် Xiu ဆီချက်ချင်းဖုန်းခေါ်လိုက်သည်။

တီ တီ တီ ဖုန်းခေါ်နေသော်လည်း ဖုန်းမကိုင်ပါ။

တစ်ခုခုများဖြစ်နေပီလားဟုအတွေးဝင်လာမိ၍ ရုတ်တရတ်တုန်လှုပ်သွားတယ်။

Xiumin ၏အိမ်ကိုအမြန်ပြေးသွားမိသည်။

သူကားကို ဘယ်လောက်မြန်အောင်မောင်းမိလဲတော့မသိ နာရီဝက်လောက်မောင်းရသည့်ခရီးကို  ၅ မိနစ်တောင်မကြာဘဲ  ရောက်သွားလေသည်။

လူခေါ်ဘဲတောင်မနှိပ်နိုင်ဘဲ သူ့ထံတွင်ရှိသော xiu ၏အိမ်သော့ဖြင့် အထဲသို့ ပြေးဝင်လာသည်။

အိမ်ရှေ့ခန်းတွင်လဲမရှိ မီးဖိုချောင်ထဲတွင်လဲမရှိသဖြင့် နောက်ဆုံး အိပ်ခန်းထဲသို့ပြေးဝင်လာမိသည်။

ကုတင်၏ဘေးမှ စာကြည့်စားပွဲပေါ်တွင် Design များထိုင်ဆွဲနေသော Xiumin ကိုတွေ့လိုက်ရသည်။

Xiumin လဲ အသံကြား၍ လှည့်ကြည့်လိုက်ရာ Luhan နှင့်အကြည့်ချင်းဆုံသွားသည်။

Luhan???သူ ဘာဖြစ်လာပါလိမ့် မျက်နှာတစ်ခုလုံးလဲ ချွေးတွေကြီးပဲ မောကြီးပန်းကြီးနဲ့ ငိုတော့မဲ့မျက်နှာနဲ့ ဝမ်းနည်းဖွယ်ကောင်းသောမျက်လုံးများနှင့် သူ့အားစိုက်ကြည့်နေသည်။

Xiu- " Lu ဘာဖြစ်လာတာလဲ???

Luhan Xiumin မေးတာကိုမဖြေဘဲ စားပွဲပေါ်ကိုကြည့်လိုက်မိသည်။

သူ၏မင်္ဂလာဆောင်အတွက် Wedding Dress Design ဆွဲပေးနေသည့်ပုံပင်။

မျက်နှာမှာလဲ ဖြုဖတ်ဖြုရော်နှင့် နေမကောင်းဘူးလားမသိ???

The world of twoWhere stories live. Discover now