Call me Jagi

2.3K 137 7
                                    

                        The world of two

ပန်းပင်တွေဝေဆာနေတဲ့လှပတဲ့ နေရာလေးတစ်ခုမှာ ချစ်သူနှစ်ဦးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပီး ပြုံးပျော်နေကြတယ်

သမင်မျက်လုံးလေးနဲ့ကောင်လေးက ပါးဖောင်းဖောင်းနဲ့ကောင်လေးရဲ့ခေါင်းလေးကိုသူ့ပုခုံးပေါ်တင်ပီး လေပြည်လေညင်းလေးတွေနဲ့ အချစ်ရဲ့အရသာကို ခံစားနေတယ်။

မကြာခင် ကြမ်းတမ်းတဲ့မုန်တိုင်းကြီးတစ်ခုရောက်လာပီး သမင်မျက်လုံးနဲ့ကောင်လေးက ပါးဖောင်းဖောင်းကောင်လေးနားက တဖြည်းဖြည်းချင်းပျောက်ကွယ်သွားတယ်။

ပါးဖောင်းလေးနဲ့ကောင်လေး အော်ငိုပီးလိုက်ရှာနေလဲဘယ်မှာမှရှာမတွေ့တော့ဘူး။

တဖြည်းဖြည်းသူ့ရဲ့အာရုံထဲကနေပျောက်ကွယ်သွားပီး ထိုနေရာတွင် သူတစ်ယောက်ထဲအထီးကျန်စွာကျန်ခဲ့ရတယ်။

ကြောက်လွန်းလို့ ထိုကောင်လေး၏နာမည်ကိုသာအော်ခေါ်နေမိသည်။


Luhan----------




Luhan---------






Luhan--------







ရုတ်တရတ် မျက်လုံးများပွင့်လာသည်။

အိပ်မက်ပင်ဖြစ်သည်။

ထိုအိပ်မက်ဆိုးများ နှောင့်ယှက်နေသည်မှာ Luhan ၏မင်္ဂလာဆောင်မယ်ဆိုသော သတင်းကြားမိသောအချိနိမှ စသည်။

ချွေးတွေပြန်ပီး ရင်တွေတုန်နေမိသည်။

တနေ့ဒီိလိုခွဲရတော့မယ်ဆိုတာ စိတ်ထဲမှာကြိုပြင်ဆင်ပီးသော်လည်း ဝမ်းနည်းမှုမှာတော့ အတိုင်းအစမရှိထိန်းချုပ်၍ မရနိုင်သေးပေ။

ညက ဘာဖြစ်ခဲ့တာလဲ မျက်လုံးမှိတ်ပီး ပြန်စဉ်းစားလိုက်သည်။

သူမေ့လဲသွားခဲ့တာပဲ Luhan ရဲ့ လက်ပေါ်မှာ။

ဒါဆို Luhan Luhan ရော????

ရုတ်တရတ် အိပ်နေရာမှထထိုင်လိုက်ရမှ ထိုင်ခုံတလုံးပေါ်တွင်ထိုင်ကာ သူ့ကုတင်ပေါ်တွင် ခေါင်းမှောက်အိပ်နေသော Luhan ကိုတွေ့လိုက်သည်။

သူသနားသွားမိသည်။

သူညက Luhan ကိုပြောလိုက်သောစကားများမှာ ပြင်းထန်လွန်းလှသည်။

The world of twoWhere stories live. Discover now