Day 1(final)

1.8K 149 7
                                    

                       The world of Two
                              Day 1
                              Final

Yaoi(XH)
*
*
*
*
*
*
*
*
*
*
*
*

နောက်ဆုံးတော့ အားလုံးအဆုံးသတ်မဲ့အချိန်ကိုရောက်လာပီ………

အဆုံးသတ်လား?အစလားဆိုတော့ Xiumin အတွက်မသေချာခဲ့…………

Luhan မရှိတော့တဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းဖို့အတွက် Xiumin မှာယုံကြည်ချက်တွေ

အားအင်တွေ မရှိတော့ဘူး……

အရာအားလုံးကိုကြောက်ရွံ့နေမိတယ်……

မကြာခင်အချိန်မှာပဲ Luhan ရဲ့ မင်္ဂလာပွဲကြီးစတင်တော့မယ်………

Luhan ကိုနောက်ဆုံးအနေနဲ့တော့ မြင်ချင်ပေမဲ့ တွေ့ရင်ထပ်ခွဲနိုင်တော့ရင်ဘယ်လိုလုပ်ပါ့မလဲ?

လောဘတက်မိရင်ဘယ်လိုလုပ်ရမလဲ?


ဒီနေ့ကျော်သွားတာနဲ့ Luhan ကပိုင်ရှင်ရှိပီးသားလူတယောက်ဖြစ်သွားတော့မှာလေ

လက်မခံချင်ပေမဲ့လဲ လက်ခံရမှာပဲလေ…

မမေ့နိုင်ပေမဲ့လဲ ကြိုးစားမေ့ရမှာပဲလေ…

သူ Luhan ကိုမေ့ဖို့ အကောင်းဆုံး နည်းလမ်းကို Luhan အမေပေးခဲ့တယ်မလား?

ဒီညနေ ၄နာရီ လေယဉ်နဲ့  ပြင်သစ်ကိုထွက်သွားရတော့မှာ

Luhan အမေသူ့ကို ရွေးချယ်ပေးထားတဲ့ အခွင့်အရေး………

တကယ်တော့ အခွင့်အရေးမှမဟုတ်တာ…………

အမိန့်တခုပဲလေ……

မသွားချင်ဘူးလို့ ငြင်းပေမဲ့ ကြောက်စရာကောင်းတဲ့အမိန့်တခုအောက်မှာ ကျရှုံးခဲ့ရတယ်လေ………

နောက်ဆုံးတော့လဲ အရင်အတိုင်း အမြဲတမ်းတယောက်ထဲပါပဲ………

အခုလို အချိန်ရောက်ရင် သူများတွေလို အဖေ အမေရဲ့ ရင်ခွင်ထဲ တိုးဝင်ပီးငိုကြွေးချင်ပေမဲ့လဲ………

မိဘတွေ မရှိတဲ့သူ့ရဲ့ဘဝကို သူနာကျည်းမိသည်။

Wedding dress

The world of twoWhere stories live. Discover now