အခန်း (၃) | အခန္း (၃)

2.9K 468 8
                                    

Unicode

၃။ တိုးတက်မှု

ချစ်သူ

အဲ့စကားလုံးကို သူဘယ်လိုအဓိပ္ပာယ်ဖွင့်လဲဆိုတာကို ငါမသိဘူး။

ထိုသူ ငါ့ကိုရှာတေါ့သွားရတဲ့အကြောင်းအရင်းက သေချာပေါက်ကို 'ဘဝအတွေ့အကြုံယူခြင်း' ဆိုတဲ့ ရည်ရွယ်ချက်ပဲပေါ့။

သူတကိုယ်ကောင်းဆန်လား?

ဟုတ်တယ်။

သဘောတူလိုက်ပြီး အပျောိလွန်နေတဲ့ယောက်ျားတစ်ယောက်ကို ငါဘယ်လိုသုံးနှုန်းသင့်လဲ?

အရူး

အဲ့ဒါက အသင့်တော်ဆုံးအသုံးနှုန်းပဲ။

လိင်တူချစ်သူတွေကို အသိအမှတ်ပြုခြင်းက သူ့မျက်လုံးထဲမှာ ရုပ်ရှင်ကျောင်းကနေ ထွက်ပြီး အလုပ်အသည်းအသန်ကြိုးစားနေကြတဲ့ သူတွေ့လိုပဲ..

အဲ့ဒါက ကြိယာလေးသေးသေးလေး၌ြ။ ကြိယာတစ်ခုကို ဖန်တီးဖို့ဆိုရင် နာမ်နှစ်ခုလိုတယ်။ အဲ့တာထက်မပိုဘူး။

(ဘာသာပြန်သူတွင်ပြောစရာရှိသည်။ - တရုတ်ဘာသာစကားမှာ နာမ်တစ်ခုကို ဖန်တီးဖို့ဆိုရင် ကြိယာနှစ်ခုလိုအပ်ပါတယ်တဲ့)

ရိုးရှင်းပြီး ဘာမှအရေးမကြီးဘူး။

ဒါပေမယ့်လည်း လိင်တူတဲ့သူတစ်ယောက်နဲ့ ချစ်သူဖြစ်ရတာကို ထိုသူက အတော်လေးတုံ့ဆိုင်းနေတဲ့အပြုအမူမျိုးတွေကို ရှင်းရှင်းလင်းလင်းပြလေ့ရှိတယ်။

ဒါမှမဟုတ်ပြောရရင် ရွံရှာမှုနည်းနည်းလေးတစ်ခု, ငါတို့စပြီးတွဲတဲ့နှစ်ပတ်မြောက်ရောက်တဲ့အထိပဲ။ အရင်းနှီးဆုံးအပြုအမူကတော့ ဖက်တာပဲ။ အဲ့ဒါကလည်း မာဆတ်ဆတ်ကြီး ဖက်တာ။

မန်နေဂျာက ဟောင်ကောင်ကသူတွေနဲ့ လက်ရှိညှိနှိုင်းနေတုန်း သူက လန်ယွီရဲ့ဇာတ်ညွှန်းကို ဖတ်နေခဲ့တယ်။ ဒါပေမယ့် အစကတည်းကနေ နောက်ဆုံးအချိန်ထိ လန်ယွီရဲ့ ဟန်တုန်းအပေါ် ခံစားချက်တွေကို မရှာဖွေနိုင်ခဲ့ဘူး။ ငါ့ကိုလေ့ကျင့်ဏရာတစ်ခုအနေနဲ့ အသုံးချတာတောင်မှ ဘာမှမရလာခဲ့ဘူး။ သူ့ရဲ့ဒေါကသ ငါ့ကိုပါကူးလာပြီး ငါ့ကို မသက်မသာဖြစ်စေပြီး ပြောပြလို့မရအောင် အပြစ်ရှိစိတ်လည်း ခံစားရစေတယ်။

15P 7H 6SM  |   ⟨⟨Myanmar Translation⟩⟩ ✓Where stories live. Discover now