Part-3 ✓Uni

682 58 1
                                    

"Win ငါတခုလောက်မေးလို့ရမလား"

"ဘာမေးမှာလဲ စိတ်ရှုတ်စရာဆို
ကြိုပြောထားမယ် လုံး၀မမေးနဲ့"

"အင်းပါ မေးမယ်နော်"

"မေး"

"Win ကတ‌ခွက်လောက်သောက်ရုံနဲ့မှောက်သွားဘဲလား"

"တခွက်လောက်ကတော့စာကိုမဖွဲ့တာ
အခုတောင်သောက်ချင်ရက်နဲ့ ဒယ်ဒီကအိမ်ထောင်သည်ကဘာဖြစ်တယ်ညာဖြစ်တယ်ပြောပြီး သွားခွင့်ပိတ်ထားလို့သာမသွားတာ ဘာလို့မေးတာလဲ ယှဉ်သောက်မလို့လား"

"မဟုတ်ပါဘူး ငါ့သူငယ်ချင်းကပြောတာ
အဲ့ဒီနေ့က ငါတို့နှစ်ယောက်လုံးတခွက်လောက်နဲ့မှောက်သွားတယ်ဆိုတော့ ဆေးခပ်ခံရတာများဖြစ်မလားတဲ့ အဲ့တာကြောင့်"

"ဆေးခပ်ခံရတယ် ဘယ်သူကလဲ
ဘာလို့လဲ ဘာကြောင့်လဲ"

"Win ဒယ်ဒီက Naniကိုလုပ်ခိုင်းတယ်လို့ ပြောနေကြတယ် အဲ့ဒါကို ငါ ငါလည်းသံသယ၀င်မိတယ်"

"ဘာ!!
မင်းပြောချင်တာ ငါ့ဒယ်ဒီကမင်းနဲ့ငါ့ကိုပေးစားချင်းလွန်းလို့ ဆေးခပ်ခိုင်းပြီးအခုလိုတွေဖြစ်အောင်လုပ်တယ်ပေါ့ဟုတ်လား
မင်းရူးနေလား!!
ဘာလို့ငါ့ဒယ်ဒီကအဲ့လိုလုပ်မှာလဲ"

"မင်းဒယ်ဒီရဲ့ စီးပွားရေးအခြေအနေက...."

"တော်လိုက်တော့ Bright 👊
အေး!!အခုလိုထိုးလိုက်တာကနဲသေးတယ်"

ပါးစောင်တွင်ထွက်လာသောသွေးအချို့ကို လက်ခုံဖြင့်သုတ်နေသောကောင်လေးကို
နံရံသို့ဆွဲကပ်ပြီး လည်ပင်းအားလက်နှစ်ဖက်ဖြင့်ညစ်နေသောကောင်လေးရဲ့မျက်နှာမှာဒေါသအရိပ်အရောင်အပြည့်

"မင်းငါ့ဒယ်ဒီကိုမစွတ်စွဲခင်မင်းသိထားရမှာက ငါလည်းမင်းကြောင့် ဆုံးရှုံးခဲ့ရတာတွေအများကြီးကွ!! မင်းကြောင့်ငါ့ရဲ့အချစ်ဦးအချစ်ရဆုံး Love ကငါ့ကိုထားသွားတယ်
ပြောသွားသေးတယ်ဘာတဲ့ ဂေးတယောက်ကိုချစ်ခဲ့မိတာနောင်တရတယ်တဲ့
ငါ့သူငယ်ချင်းတွေရဲ့ ဝိုင်းပြီးဟားတိုက်ပြီးခံရတယ်
သိလား!! အဲ့ဒါတွေမင်းသိလား !!"

"ငါ ငါ တောင်း ပန် ပါ တယ်"

လည်ပင်းကိုညစ်နေသောလက်အစုံမှာပြေလျော့သွားပြီး ဒေါသထွက်နေသောကောင်လေးမှာကြမ်းပြင်ပေါ်သို့ ခွေလဲကျသွားတယ်

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Where stories live. Discover now