Part - 26 ✓Uni

378 34 8
                                    

~~ မောင့်အသက် ~~

Winမာမီရဲ့ဈာပနပွဲသို့ Brightအပါအ၀င်ဒေါ်ကြည်ပြာ၊Dew၊Pinkyတို့ပါအတူလာခဲ့သည်။

ငြိမ်သက်လှဲလျောင်းနေသောဇနီးဖြစ်သူ၏အသက်မရှိသောခန္ဓာကိုယ်ဘေးတွင် ၀မ်းနည်းတကြီးရှိုက်ငိုနေသော ဦးမာန်၀င်မှာBright ကိုမြင်သည်နှင့် အနားသို့အမြန်ရောက်လာကာ တစ်ချက်ထိုးပြီး အကျီကော်လံကိုလက်ဖြင့်ဆုပ်ကာ

"မင်း မင်းကြောင့် ငါ့မိန်းမသေရတာ
မင်းသာ အသာတကြည်ကွာရှင်းပေးခဲ့ရင်သူအဲ့လိုဖြစ်စရယအကြောင်းကိုမရှိဘူးကွ"

"ဦးမာန်၀င်း" // "ဒယ်ဒီ"

ရုတ်တရက်ဆန်မှုကြောင့်အံ့ဩမှုများအဆုံးတွင် ၀င်တားသူများကြောင့်Brightမှာ ဦးမာန်၀င်းနဲ့အနည်းဝေးသွားသည်။

"ဘာလို့ကျွန်တော့်သူငယ်ချင်းကြောင့်ဖြစ်ရမှာလဲ ခင်များရဲ့အတောမသတ်နိုင်တဲ့လောဘကြောင့်လေ"

"ဦးမာန်၀င်းစကားကိုဆင်ခြင်ပြောပါ"

"ဦးလေးရဲ့လွဲမှားတဲ့အတွေးတွေ ဆုံးဖြတ်ချက်တွေကြောင့်အခုလိုဖြစ်ရတာ သူများကိုလွှဲချဖို့မသင့်တော်ဘူးနော်"

"ဟက် ရယ်ရတယ်နော်
မင်းသာကွာရှင်းပေးခဲ့ရင် ငါ့မိန်းမသေစရာအကြောင်းကိုမရှိတာကွ"

"ဒယ်ဒီဘာကိုပြောချင်တာလဲ"

"ပြောချင်တာကရှင်းပါတယ်"

သူတို့နောက်မှထွက်လာသောစကားသံပိုရှင်ဟာDavid။

"လိုတာမရ ရတာမလိုဖြစ်သွားတဲ့လူတစ်စုက ဒေါ်ချယ်ရီကိုသတ်လိုက်နာပေါ့အကြောင်းအရင်းကတော့ ဦးမာန်၀င်းကသူတို့လိုချင်တဲ့Mr.Bright Vachirawitနဲ့Mr.Win Metawinတို့ရဲ့ကွားရှင်းလက်မှတ်ကိုမယူနိုင်ခဲ့လို့ ပြစ်ဒဏ်ပေးတဲ့သဘောပေါ့"

"အခြေအမြစ်မရှိတဲ့စွတ်စွဲချင်တွေက
အသရေဖျက်မှုနဲ့တရားစွဲလို့ရတယ်ဆိုတာသိမယ်ထင်ပါမယ်အရာရှိDavid"

"ဖြစ်နိုင်ချေကိုပြောတာပါဦးမာန်၀င်း
စိတ်မရှိပါနဲ့ဗျာ"

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Where stories live. Discover now