Part-37 ✓Uni

443 36 15
                                    

~~မောင့်အသက်~~

"ဒိုင်း"‌

သိပ်ချစ်တယ်မောင် ဘယ်သူအပေါ်မှာမဖြစ်ဖူးတဲ့ချစ်ခြင်းမျိုးနဲ့ မြတ်မြတ်နိုးနိုးနှစ်နှစ်ကာကာချစ်တာ
ကံတရားကြီးကဒီဘဝဒီမျှဘဲထင်ပါတယ် နောက်ဘဝကျ အတူအေးချမ်းရာအရပ်မှာ ဘာပကာသနမှမပါဘဲ တခြားသူတွေကြောင့်မဟုတ်ဘဲ အသက်တို့ချင်းကြောင့်ဘဲ တွေ့ရအောင်နော်...

"အသက်!!!"

"Win!!!"

"သား!!!"

ထိုအသံတွေကြောင့်မောင့်ကိုပိုတိုးကာတင်းတင်းကြပ်ကြပ်ဖက်ထားမိလိုက်သည်။
အရာရာကိုအဆုံးထိရင်ဆိုင်လိုက်အသင့်ဖြစ်နေပြီဖြစ်သည်။သို့သော်....

မြေပြင်သို့တွန်းလှဲခြင်းကိုခံလိုက်ရသောမောင်နဲ့အသက်။
တွန်းလှဲလိုက်သူကိုကြည့်မိတော့

"Pinky!!"×2

Pinkyက BrightWinကိုမြေပြင်သို့တွန်းလှဲကာ သေနတ်ရှေ့တွင်အစားဝင်လိုက်ခြင်းပင်ဖြစ်သည်။

"သမီးလေး!!!"
ဦးလင်းရှိန်၏အော်သံဖြစ်သည်။

Brightနဲ့Winအမြန်ပင် သေနတ်ထိကာလဲသွားသောPinkyကိုဆွဲထူကာ ရင်ခွင်ထဲပွေ့လိုက်သည်။

"ခင်များကဒီအတိုင်းလွှတ်ထားပေးလို့မရတဲ့သူဘဲ တစ်ယောက်မှအရှင်မထားနဲ့အကုန်သတ်ပစ်"
ဦးလင်းရောင်ရှိန်၏ဒေါသကိုလူတိုင်းခံစားလို့ရနိုင်ကြသည်။

"ငါ့သမီးနဲ့ ဒီကောင်လေးနှစ်ယောက်ကိုကာကွယ်ကြ"
ဟုစကားသံအဆုံးတွင် ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြသည်။သေနတ်သံများလည်းဆူညံနေသည်။

"Pinkyနင်ဘာမှမဖြစ်ရဘူးနော်"

"အင်း..ငါဘာမှမဖြစ်ပါဘူး အ့!"

အသက်ရှုနှုန်းတွေမြန်လာသောကြောင့် Bright Pinky၏လက်ကိုဆုတ်ကိုင်ထားလိုက်သည်။

"Da...David Naniတို့ရော"

Brightမျက်လုံးဝေ့ကြည့်လိုက်တောမြေပြင်ပေါ်တွင်လှဲလျက်သား။

"ရှိတယ်
သူတို့ကိုငါသွားကြည့်လိုက်ဦးမယ်"

"မသွား...

Bright!!!"

"မောင်!!!"

PinkyကိုWinဆီသို့လက်လွှဲပြောင်းကာ ထလိုက်သည်။ထိုအချိန်တွင် သေနတ်သံများနှင့်ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်အထဲမှ ကျည်ဆံတစ်ခုကBrightဆီကိုဦးတည်က ထိမှန်သွားသည်။

မောင့်အသက်\ေမာင့္အသက္  (Uni+Zawgyi)Where stories live. Discover now