Chapter.1

6.7K 266 5
                                    

ကလေးတစ်ယောက်ရဲ့ငယ်ငယ်ကနာကျည်းချက်ကြောင့်သူ့အချစ်ခရီးကထင်သလောက်မပေါက်ရောက်ခဲ့ဘူး...

"ကျန့်ကျန့်ရေ..သား.."

"ဗျာကျနော်အိမ်ထဲမှာရှိတယ် ဝမ်မားလား.."

ဝမ်မာမားဟာရှောင်ကျန့်တို့အိမ်သို့အပြေးတပိုင်းရောက်လာခဲ့တယ်....

"သားဆီကိုရိပေါ်လေးလာသေးလားဟင်...အိမ်မာမရှိ​ေတာ့လို့ကွယ်..."

"မလာဘူးအန်တီ..သူကဘယ်သွားတာလဲ..."

"အန်တီ့ကိုကူညီပါ...သားလေးကိုကူရှာပေးပါဦး..."

"ဟုတ်ကဲ့အန်တီ..ကျနော်အခုပဲသွားရှာလိုက်ပါ့မယ်..."

ရိပေါ်နဲ့ရှောင်ကျန့်ကတလမ်းထဲနေတဲ့အသက်၄နှစ်ကွာသူငယ်ချင်းတွေပေါ့....ရိပေါ်ကဂျစ်ကန်ကန်နိုင်သလောက်ရှောင်ကျန့်ကအနေအေးတယ်...

"ရိပေါ်ရေ....ရိပေါ်.. ဘယ်ရောက်နေလဲကွာ..."

ရိပေါ်ရပ်ကွက်ကစားကွင်းထဲထိုင်ငိုနေရင်းရှောင်ကျန့်အသံကြားတာကြောင့်ခေါင်းလေးမော့လာတယ်...သူထွက်လာတာကြာပြီမို့အနဲငယ်အေးစပြုလာပြီ....

"ကို..ကိုကို..ကျ​ေနာ်ဒီမှာ..."

"ရိပေါ်..ဟာကွာ..တကိုယ်လုံးအေးစက်နေတာပဲလာကိုကို့အင်္ကျီလေးထပ်ခြုံထားအိမ်ပြန်ကျမယ်နော်..."

"ဟင့်အင်းအိမ်မပြန်ဘူး..အိမ်မပြန်ချင်ဘူး..."

ရိပေါ်အခန်းထဲစာလုပ်နေတုန်းမာမားရဲ့ငိုသံကြားတာကြောင့်အခန်းဝကနေခိုးနားထောင်လိုက်မိတယ်...ပါးကလိင်တူချစ်ကြိုက်တဲ့သူဖစ်ပြီးအခုလဲသူနဲ့ကြိုက်နေတဲ့ယောကျာ်းကနိုင်ငံခြားကိုသွားတော့မှာမို့သူပါလိုက်သွားတော့မယ်လို့ပြောနေတာကိုကြားပြီးရိပေါ်မျက်ရည်တွေကျလာမိတယ်....

ပါးကမာမားကိုမချစ်ခဲ့ဘူးလား...ယောကျာ်း တယောက်အတွက်နဲ့မိသားစုကိုပစ်သွားတော့မလို့လား..ရိပေါ်ဝမ်းနည်းတကြီးနဲ့ပြေးလာလိုက်တာဖိနပ်တောင်မပါလာခဲ့ဘူး....

ရှောင်ကျန့်မျက်ရည်တွေရွှဲပြီးသူ့ပါးအကြောင်းပြောပြနေတဲ့ရိပေါ်ကိုဖက်လိုက်တယ်....

Forever and a day(completed)Where stories live. Discover now