Final..

3K 160 1
                                    

၂နှစ်ခန့်ကြာသော်...

"ပေါင်ပေါင်းဆင်းလာခဲ့တော့ကလေးတွေဆီသွားဖို့နောက်ကျနေပြီ..."

"ဝမ်ရိပေါ်မင်းကိုအဲ့လိုမခေါ်ဖို့ဘယ်နှစ်ခါပြောရမလဲ..ခေါက်ခံရတော့မယ်..."

ကျန့်ကောကအရင်လိုနုပျိုဆဲကျနော့်ရဲ့ကလေးကြီး...
သူ့ဆီမှာပြည့်စုံတဲ့မိသားစုဘဝလေးရှိနေပြီ...သူရယ်ကျန့်ကောရယ်..ပြီး​တော့ကျန့်ကောတည်ထောင်ထားတဲ့ကျောင်းကကလေးတွေရယ်.....ကလေးတွေကိုနှစ်ယောက်လုံးကအရမ်းချစ်ပြီးသံယောဇဥ်ရှိကြတယ်...ကျန်းချန်တို့အတွဲကလဲလက်ထပ်ပီးသူတို့ဂေဟာက ကလေးတစ်ယောက်ကိုမွေးစားခဲ့တယ်...

"Daddy..ဒီမှာကြည့်မီးဝတ်ထားတဲ့ဂါဝန်လေးလှလား.."

"လှပါ့ဗျာ..လာပါဦးအသဲတုန်းလေးရဲ့စာသင်ရတာအဆင်ပြေရဲ့လား..ကျောင်းမှာရောအနိုင်ကျင့်တဲ့သူတွေရှိလား.."

"ရှိပါဘူးdaddyရဲ့ကိုကိုတေကောမမတေရောအကုန်စုတက်ရတာလေဘယ်သူကအနိုင်ကျင့်ရဲမှာလဲ.."

ကလေးတွေကိုအကုန်ပညာရေးကအစတာဝန်ယူတာကြောင့်ကလေးတွေကလဲသူတို့နှစ်ယောက်အပေါ်အရမ်းသိတတ်ကြတယ်...

" ပါးပါး...ကိုကိုရှင်းကလေပါးပါးကိုပြောစရာရှိလို့တဲ့ဟိုအနောက်ကသစ်ပင်အောက်မှာစောင့်နေတယ်..."

" ရှင်းလေးကလား..okokပါးပါးသွားလိုက်မယ်နော်..."

ဝမ်ရိပေါ်ကိုအသက်ကြီးပိုင်းကလေးတချို့ကတော့အနဲငယ်ကြောက်ကြတယ်ရိပေါ်ကလဲအရွယ်ရောက်လာရင်မထိန်းနိုင်မာစိုးတာကြောင့်အရမ်းအလိုမလိုက်ပဲစည်းကမ်းနဲ့သာထားတယ်...ဒါကြောင့်အကြီးပိုင်းတချို့ကတော့ရှောင်ကျန့်ကိုသာပိုကပ်ကြသည်....

"ရှင်းလေး.."

"ပါးပါး... ကျနော်ပြောစရာရှိလို့.."

"အင်းပြောလေ..ရုပ်ကမှုန်ကုပ်ကုပ်နဲ့ဘာဖစ်နေတာလဲ..."

ရှင်းလေးက ကလေးတွေထဲမှာအကြီးဆုံးဖြစ်ပြီးအရမ်းသိတတ်တဲ့ကလေး...လူလိမ္မာလေးဆိုပေမဲ့ဇကတော့ဟိုအဆိုးကောင်ဝမ်ရိပေါ်လိုမှန်တယ်ဆိုလို့ကတော့ချမယ်ဆိုတာကြီးသာ....

"ကျနော်ချစ်သူရှိနေပြီ..ပြီးတော့သူကယောကျာ်းလေး..."

မျက်လုံးကြီးမှိတ်ပြီးပြောနေတဲ့ကလေးကိုရှောင်ကျန့်ရယ်လိုက်မိတယ်...

"အသက်က​ဖြင့်၁၉ပဲ ရှိသေးတယ်ဒီကောင်လေး..."

"Daddyကိုသွားမပြောနဲ့နော်...တော်ကြာဆူနေဦးမယ်..သားမဟုတ်တာဘာမှမလုပ်ဘူးသူ့ကိုချစ်လို့လက်လွှတ်လိုက်ရမှာစိုးလို့ခုထဲကဖမ်းဆွဲထားတာ...နောက်ကျdaddyသိသွားလဲပါးပါးက ကူပြီးပြောပေး.."

"မဆူပါဘူးရှင်းလေးရယ်..ပါးပါးပြောတာသေချာနားထောင်နော်ချစ်တာအပြစ်မဟုတ်ဘူး..ဒါပေမဲ့ယောကျာ်းလေးနှစ်ယောက်ဆိုတဲ့အတွက်မင်းရင်ဆိုင်ရမဲ့အရာတွေကိုလက်ခံနိုင်မှချစ်နော်....ကို့ချစ်သူအပါ်သစ္စာမဖောက်နဲ့...အိုက်ယား..ရှင်းလေးတောင်အရွယ်ရောက်လာပြီ..."

"မငိုပါနဲ့ပါပါးကလဲ..ဘယ်အရွယ်ဘယ်အချိန်ရောက်ရောက်ပါပါးတို့သားပဲဟာကို..."

"ဒါပေါ့ ငါ့သားပဲဖစ်ရမှာပေါ့..."

" ဟိုသားအဖဘာတွေတွတ်ထိုးနေလဲအထဲဝင်မယ်လာတော့.."

"ဟုတ်ကဲ့daddy.."

ရှင်းလေး ဆီကအသံမဟုတ်ပဲရှောင်ကျန့်ဆီကအသံသာဖစ်သည်.....
နောက်ဆုံးအချိန်ထိတွဲလက်တွေမြဲသွားကြမယ်...ကျနော့်ရဲ့အချစ်ဆုံးကလဲခင်ဗျားပဲဖစ်သလိုခင်ဗျားရဲ့အချစ်ဆုံးကလဲကျနော်ပဲဖြစ်နေမယ်....

ချစ်တယ်.......

Forever and a day(completed)Where stories live. Discover now