Chapter..9

2.1K 152 0
                                    

ကိုကိုဒီဟာကျနော်နဲ့လိုက်လား..."

"အင်းဒါပေမဲ့ဟိုဘက်ကအရောင်နဲ့ပိုလိုက်တယ်ထင်တယ်...ရိပေါ်ကဘာဝတ်ဝတ်ကြည့်ကောင်းပြီးသားပါ..."

"ဒါဆိုနှစ်ထည်လုံးယူမယ်...ပြီးတော့ကိုကိုကြိုက်တဲ့အဝတ်အစားတွေရောဝယ်နော်..."

"ဒီတထည်ပဲယူမယ်ကိုကို့မှာရှိသေးတယ်.."

Missionအတွက်နဲ့မခွဲရခင်သူတို့နှစ်ယောက်ပထမဆုံးအပြင်ထွက်dateနေခြင်းသာဖြစ်တယ်...ရိပေါ်ကတခြားသူတွေနဲ့အနေတည်ကြည်သလောက်ရှောင်ကျန့်နဲ့တော့လွတ်လွတ်လပ်လပ်သာနေတယ်...

"စပ်မယ်နော်ရိပေါ်...ဘာလို့ကိုကိုစားတာလိုက်စားတာလဲကွာ.."

"ကျနော်စားနိုင်ပါတယ်...လာပါးစပ်ဟ..အာ.."

ရိပေါ်ခွံကျွေးတဲ့အသားဖတ်ကိုပါးလေးဖောင်းရင်းဝါးကာရိပေါ်ကိုပြုံးပြလိုက်တယ်....

ကိုကိုကကျနော့်အတွက်တော့တကယ့်ကိုချစ်စရာအကြည်ဓာတ်လေး.....

"ရိပေါ်ဒီတခေါက်missionအတွက် ကိုကိုလဲလိုက်ချင်တယ်..."

"ကျနော်စကားကိုခဏခဏမပြောချင်ဘူး...ကျနော့်စကားကိုနားထောင်ပါနော်ကိုကိုတခုခုဖစ်သွားမှာစိုးလို့ပါ...အခုမှစပြီးချစ်ကြရုံရှိသေးတယ်ပျက်စီးသွားမှာမျိုးမဖြစ်စေချင်ဘူးဗျာ..."

ရှောင်ကျန့်ကနှုတ်ခမ်းကိုစူထော်ရင်းမျက်စောင်းပိစိလေးထိုးတယ်.....

"ကျနော်ပြန်လာရင်အခန်းလေးထဲမှာမီးမှိန်မှိန်လေးထွန်းပြီးဝိုင်သောက်မယ်..."

"အရမ်းromanticဆန်တာပဲရိပေါ်.."

"ကျနော်ပြောတာမဆုံးသေးဘဲကိုကိုရာ...ဝိုင်သောက်မယ်ဝိုင်သောက်ပြီးရင်ကိုကို့ကိုစားမယ်..ဟားဟား.."

ရိပေါ်ကလျှာကိုသပ်ပြရင်းရှောင်ကျန့်ကိုမျက်စပစ်တာကြောင့်ယုန်သွားလေးတွေထုတ်ပြကာသတိပေးလိုက်ရသည်....

"သူဘယ်မှာရှိလဲသိရပြီလား.."

"သူအင်္ဂလန်မှာရှိနေတယ်...ကဲပါအဲ့တာတွေထားလိုက်နောက်ရက်ဆိုသွားရတော့မှာဒီနေ့တော့ကိုကို့အကြောင်းပဲတွေးချင်တယ်...စားလေပြီးရင်အိမ်ပြန်ကြမယ်..."

Forever and a day(completed)Where stories live. Discover now