Chapter..4

2.3K 197 0
                                    

ခင်ဗျားကိုမုန်းခဲ့ပေမဲ့ခုထိလဲမုန်းနေပေမဲ့သတိရနေခဲ့တာ ကိုကို...

"ကျနော်သွားလိုက်ဦးမယ်boss.."

"တခုခုဆိုအချက်ပြဖို့မမေ့နဲ့.."

အရေးကြီးတဲ့ပစ္စည်းလဲမှာဖြစ်လို့ရိပေါ်ကိုယ်တိုင်လိုက်လာပြီးကားပေါ်မှာစောင့်နေရသည်...ဘေးကရှောင်ကျန့်မှာတော့ဘယ်ကြည့်ညာကြည့်နှင့်ကိုယ်လေးကိုကျုံ့ကာထိုင်နေတယ်....

"ကြောက်တတ်ရင်ဘာလို့လိုက်လာသေးလဲအာရုံနောက်တယ်..."

"ကို...ကျနော့်တာဝန်ကျနော်လုပ်တာပါ.."

ဒိုင်း....

"ရိပေါ်ရေ..."

သေနတ်သံနဲ့အတူသူတို့ကားကတဖက်နိမ့်ဆင်းသွားတယ်...ကားဘီကိုအပစ်ခံလိုက်ရတာဖြစ်လိမ့်မယ်....
ရှောင်ကျန့်ရိပေါ်ဘက်တိုးလာပြီးအင်္ကျီစကိုဆွဲဆုပ်မိထားတယ်....

"မြန်မြန်ဆင်းရှောင်ကျန့်ခေါင်းကိုငုံ့ပြီးဟိုအကွယ်ကိုရောက်အောင်ပြေး..."

"အင်း..."

သူတို့နှစ်ယောက်အကွယ်ကိုပြေးပြီးရိပေါ်ကထိုနေရာကနေ​ေသနတ်နဲ့တောက်လျှောက်ပစ်နေတယ်...ရှောင်ကျန့်မျက်လုံးပါမှိတ်ထားမိတယ်.....

"အ့.."

"ရိပေါ်..."

ကျည်ဆန်ကရိပေါ်ရဲ့ခါးညာဘက်ခြမ်းကိုဖောက်ဝင်ပြီးသွေးတွေဖြာခနဲထွက်လာတယ်...

"ရတယ်ဘာမှမဖြစ်ဘူးငြိမ်ငြိမ်နေ..."

"သေွးတွေထွက်နေပြီ...ခဏလေးကိုကို့အင်္ကျီနဲ့အုပ်ထား..."

ရှောင်ကျန့်သူ့ရှပ်အင်္ကျီကိုအမြန်ချွတ်ပြီးရိပေါ့်ဒဏ်ရာကိုအုပ်ပေးထားလိုက်သည်....

"ကာပစ်ပေးထားမယ်bossတို့ဆုတ်တော့သူတိူ့ဘက်ကလဲအင်အားနဲနေပြီ..."

ရိပေါ်ကသူ့ကိုလက်ဆွဲပြီးဝင်လာတဲ့လမ်းအတိုင်းဦးတည်ပြေးလာတယ်.....

"ရိပေါ်တော်တော်လဲဝေးလာပြီ..ခဏနားရအောင်မင်းဒဏ်ရာကသွေးတွေအရမ်းထွက်နေပြီ..."

"....."

ကိုယ်တိုင်လဲအားလျော့ချင်နေပြီမို့ရိပေါ်ဘေးကတောစပ်ထဲနဲနဲဝင်ပြီးထိုင်ချလိုက်သည်...

Forever and a day(completed)Место, где живут истории. Откройте их для себя