25~//သူပြန်လာပြီ//

6.1K 593 20
                                    

"မောင်မင်းရေ လာစမ်းပါဦး ... ငါကိုယ်တော်နဲ့ ကာတွန်းကားတူတူ
လာကြည့်ပေး ပျင်းတယ်"

ရှောင်းကျန့် အလုပ်ကပြန်ရောက်ရောက်ချင်း apronကြီးတကား
ကားနဲ့မီးဖိုချောင်၀င်နေရသည်။ မီးဖိုချောင်ကနေလည်း အိမ်ရှေ့က
ကောင်လေးကို အရိပ်တကြည့်ကြည့်နဲ့ လှမ်းလှမ်းကြည့်နေရသေး
တာ ။ဘာများ ရွှေစိတ်တော်ထပြီး ငြိုငြင်မလဲလို့။

အလုပ်ကပြန်ရောက်ချင်း သူဖုန်းထဲမှာ ကြည့်ထားတဲ့ ကိုရီးယား
ကြက်သားကြော် လုပ်ပေးပါတဲ့ ။ ၀ယ်ပေးတာမစားချင်ဘူးတဲ့ ရှောင်းကျန့်ကိုယ်တိုင်လုပ်ပေးတာပဲစားချင်တယ်တဲ့ ။ အဲ့တော့ မျက်
နှာ တစ်ချက် အညှိုးမခံတဲ့ရှောင်းကျန့်ကပဲ အနီးဆုံးစူပါမတ်ကတ်
မှာ ကြက်သားရယ်လိုအပ်တဲ့ပစ္စည်းတွေရယ် သွား၀ယ်ရတော့တယ်။

ပြန်လာတော့ ဆိုဖာခုံပေါ်မှာ ကာတွန်းကားကြည့်ရင်းရယ်မော‌နေတဲ့
ရီပေါ်ကို ကြည့်မိတော့ရှောင်းကျန့် အမောပြေရပါတယ် ။သူပျော်ရင်
ပြီးတာပါပဲ ။ ရှောင်းကျန့် ပြီးတော့ မီးဖိုချောင်ထဲ၀င်ပြီး youtube
က ချက်နည်းတွေရှာလို့ လိုက်လုပ်ရတော့တယ် ။ လုပ်နေတာမပြီးသေးဘူး အိမ်ရှေ့က ကိုယ်တော်လေးက လှမ်းခေါ်နေတော့ပြေးရ
ပြန်တယ်။

"ရီပေါ် ဘာဖြစ်လို့လဲ"

"ကာတွန်းကား တူတူလာကြည့်ပေးလို့"

"ကြည့်ပေးမယ် ကြည့်ပေးမယ် ခဏလေးနော် ဒါလေးပြီးအောင်
လုပ်လိုက်မယ် ရီပေါ်ပဲစားချင်တယ်ဆို"

"မြန်မြန်လုပ် ငါကိုယ်တော် ဗိုက်လည်းဆာနေပြီ"

ဆိုဖာပေါ်ကနေ နှုတ်ခမ်းတဆူဆူနဲ့ သူ့ကိုစကားလှမ်းပြောနေတဲ့
ကောင်လေးကို ကြည့်ရင်း ရှောင်းကျန့် ကမ္ဘာကြီးတစ်ခုလုံးအပိုင်
ရသွားသလိုပဲ ။ ပုံမှန်ဆို ရီပေါ်က ခပ်အေးအေးသမားမို့ အခုလို
ချွဲရမှန်းလည်းသိမှာမဟုတ်ဘူး ။ ဂျပုမကိုတောင်ကျေးဇူးတင်ရမ
လိုဖြစ်နေပြီ ။ ရှောင်းကျန့် စောစောလေး ကိုယ့်စိတ်ကိုယ်သိခဲ့ရမှာ။

ရှောင်းကျန့် မီးဖိုးချောင်ထဲ၀င်ပြီး မြန်မြန်လတ်စသတ်ကာ ကိုရီး
ယားစတိုင် ကြက်ကြော်မွှေးမွှေးလေးနဲ့ sparklingခွက်လေးကို
သူ့ရှေ့က စားပွဲခုံပေါ်ချပေးလိုက်တော့ ၀င်းလက်သွားတဲ့မျက်နှာလေး

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now