12~//ကျန့်ကောကကျွန်တော့ကိုအနိုင်ကျင့်နေတာ//

7.8K 915 202
                                    

{Unicode Version}

စားစရာသောက်စရာတွေမှာပြီးလို့ ရှောင်းကျန့်ရော
ရီပေါ်ရော ခေါင်းမဖော်ပဲစားနေကြတယ်။ ရှောင်း
ကျန့် ရီပေါ်ကို မထင်ထားခဲ့ဘူး။ ဒီကောင်လေးအများ
ကြီးစားနိုင်သားပဲ။ မှာတာတွေက သူ့ထက်များတယ်။
လူလေးက ကြည့်တော့ဘာမှမဟုတ်သလိုနဲ့ စားတာ
ကျ တစ်ဖြဲနှစ်ဖြဲပဲ။ စားနေသောက်နေချိန်တော့ရီပေါ်
ကဘေးပတ်၀န်းကျင်ကိုမေ့နေပုံရပါတယ်။

ဒါကြောင့်ပဲ ရှောင်းကျန့်က ညဏ်နီညဏ်နက်တွေထပ်
ထွက်လာတော့တယ်။

"ရီပေါ် ကိုယ်သန့်စင်ခန်းခဏသွားဦးမယ် စားနှင့်နော်"

‌ရီပေါ်ကစားနေရာကနေ ခေါင်းလေးတစ်ချက်မော့ကြည့်
ကာ ခေါင်ငြိမ့်ပြတော့ သူလည်းဖုန်းလေးယူကာထွက်ခဲ့
လိုက်တော့သည်။

ရှောင်းကျန့်ကအိမ်သာသွားမည်ဟုဆိုကာ အိမ်သာထဲ
မဝင်ပဲ အိမ်သာအပေါက်၀ကနေ ရီပေါ်ကို ဓာတ်ပုံလှမ်း
ရိုက်နေတယ်။ ရှင်းရှင်းပြောရရင် snapဖမ်းနေတာပါ
အစားအသောက်ထဲ ပျော်၀င်နေလို့ သူ့ကိုဓာတ်ပုံခိုးရိုက်
နေတာလည်းမသိရှာပါဘူး။

"ဘယ်လိုနှာဘူးလဲ ကလေးတောင် အလွတ်မပေးဘူး
ဓာတ်ပုံခိုးရိုက်နေတယ် ‌ရုပ်လေးနဲ့မလိုက်လိုက်တာ"

ဘေးနားကဖြတ်သွားတဲ့ကောင်မလေးနှစ်ယောက်က
သူ့ကိုကြည့်ပြီးပြောသွားတဲ့စကားကြောင့် ရှောင်းကျန့်
နင်သွားတယ်။ ၀မ်ရိပေါ် suitကြီး၀တ်ထားတာတောင်
ဘယ်နားက ကလေးနဲ့တူနေလို့လဲ။ ပြီးတော့ ကိုယ်ပိုင်
တဲ့ယောက်ျားကိုယ့်ဘာကိုယ်ဓာတ်ပုံရိုက်တာပဲ သူတို့အ
ပူဘယ်နှစ်ပြား ပါတာ ကျနေတာပဲ။

ရှောင်းကျန့်က ဆက်ပြီးရိုက်တယ်။ ရိုက်လို့၀တော့မှ
သူတို့ စားပွဲကိုပြန်လာပြီးဆက်စားနေလိုက်တယ်။
ရီပေါ်ကတော့ စားလို့သောက်လို့ပြီး‌သွားလို့ ‌ထိုင်တောင်
ထိုင်နေပြီ။

ရှောင်းကျန့်လည်း မြန်မြန်သွက်သွက်ကလေးစားလိုက်
တယ်။

ရှောင်းကျန့်နောက်တော့ ငွေရှင်းလိုက်ရတာ
ယွမ် ၄၀၀၀ကျော်တယ်။ ရီပေါ်ကသူစားတာများတာ
မို့လို့ သူရှင်းပါ့မယ်လို့ပြောတယ်။ ရှောင်းကျန့်က
တကယ်မကြိုက်ပါ ။ဘာကိုလဲဆိုတော့ သူ့ရဲ့အရမ်း
အားနာတတ်တာကိုပဲ။ သူတို့နှစ်ယောက်က အရင်းနှီး
ဆုံးလူတွေမဟုတ်လား။ ဘာမဟုတ်တာလေးလောက်
နဲ့အားနာနေတာက သူ့ကိုအခုထိ သူစိမ်းလို့သတ်မှတ်
နေတုန်းပဲနေမှာ။

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now