17~//CEOတော့မချိမဆန့်ခံစားနေရပြီတဲ့//

7.1K 872 151
                                    

"ဗျာ မဟုတ်တာ အကိုရယ် ကျွန်တော်နဲ့သူဌေးက ရိုးရိုးသား
သားပါပဲ အဲ့လိုတွေမရှိပါဘူး အဟင်း"

ရီပေါ်က ဘယ်လိုပဲ အကိုပိုင်လီကို ပွင့်ပွင့်လင်းလင်းပြောပြတယ်
‌ပြော‌ပြော ဒီကိစ္စကိုတော့မပြောပြနိုင်ပါ။ မဟုတ်ရင် ရှက်လွန်းလို့
အငွေ့ပါပျံသွားမှာကျိန်းသေပဲ။ ပြီးတော့သူကအောက်ကနေရတာ
လေ။ သူလည်းယောက်ျားလေးပဲဟာ နည်းနည်းတော့ရှက်တာပေါ့

သို့သော်ညားတဲ့ လိမ်ညာခြင်းကိုမကျွမ်းကျင်တဲ့ ၀မ်ရိပေါ်ဟာမျက်
လုံးဂဏာမငြိမ်ဖြစ်နေတာကို ပိုင်လီရှိုးယွဲ့က သိတယ်။ ဒီလိုအမူအ
ရာ ဒီလိုမျက်လုံး ဒီလိုလေသံက ရှက်ပြီး သူ့ကိုလိမ်နေမှန်းတန်းသိ
လိုက်တယ်။ ရှိုးယွဲ့ကအမှန်တကယ်ပဲ ရီပေါ်ထက်ဆရာကျတယ်လေ
အားခိုင်နဲ့ နှစ်ခါတောင်အိပ်ဖူးတာ။ သူ့တုန်းကလည်း သူငယ်ချင်း
တွေမေးတော့ ဒီလိုဖြစ်ခဲ့တာပဲ။ သိတာပေါ့ သိတာပေါ့ ဝမ်ရိပေါ်လိမ်
နေတယ်ဆိုတာ။

"ဟင်း ဟင်း အိပ်ပြီးပြီ မလား လိမ်နေတယ်"

"မဟုတ်ပါဘူး တကယ်ပါ "

"ရီပေါ်ရာ ငါကငယ်ရာကနေကြီးလာတာပါကွာ ဒီကောင်ကိုမင်း
အကိုကြီးလို့သဘောထားရင် မရှက်ပဲအကုန်ပြောပြ .. မင်းလိမ်
နေမှန်း အကိုသိပါတယ်ကွာ"

နောက်ဆုံးတော့ ရီပေါ်လည်းခက်ပြီ။ ဆက်ပြီးလည်းမလိမ်တတ်
တော့ပေ။ မလိမ်ချင်တာမဟုတ်ဖူး။ မလိမ်တတ်တော့တာ။ လိမ်
လို့ရရင် လိမ်ချင်သေးတယ်။ ဒါပေမယ့် အကိုပိုင်လီ သူ့ကိုစစ်နေ
ပုံမျိုးနဲ့ ဘယ်လိုဖြစ်မှာလဲ။

"ဟုတ်"

"ဘယ်နှစ်ခါလဲ"

"တစ်ခါ "

တစ်ခါဟုဆိုကာ လက်ညိုးလေးထောင်ပြကာ ခေါင်းကအောက်
ကိုငိုက်ချသွားသည်။

"ယောက်ျားချင်းပဲဟာ မရှက်နဲ့ အကို့ကိုအကုန်ပြောပြ"

"အကိုက ဘာလုပ်မလို့လဲ ကျွန်တော်ကအတွင်းကျကျအကုန်
ပြောပြရမှာလား"

"အိုက်ယား မဟုတ်ဖူးလေ တစ်ခါဆိုတာက မဂ်လာဦးညတုန်း
ကလား ဘယ်တုန်းကလဲ သူဌေးကလည်းမထင်ရဘူးနော်။ရီ
ပေါ်ကရောလက်ခံလိုက်တာပဲလား"

MARRYING MY SECRETARY[Zhanyi/Complete]Where stories live. Discover now