Part(1)

994 40 2
                                    

#Zawgyi

နေဝင်စ ညနေဆောင်းအချိန်
လမ်းမီးတိုင်များမှမီးများက ...
တဖြတ်ဖြတ်လတ်လိုက် မှိန်သွားလိုက်နှင့်...

ဆောင်းဦးလေပြေအေးများကလည်း
ထိတွေ့သမျှကို အေးစက်သွားစေအောင်
‌ရောက်ယှတ်ခတ် တိုက်ခတ်လျှက်ရှိသည်။
သို့သော်..၆ထပ်တိုက် အအဆောက်အဦးရဲ့
‌ခေါင်မိုးထပ်ပေါ်က လူနှစ်ယောက်ရဲ့ ရင်ထဲက အပူမီးကိုတော့ မအေးချမ်းစေနိုင်ပေ....

အဖြူရောင်ရှပ်အကျီအပေါ်တွင်
ရဲရဲနီနေသော သွေးများဖြင့်‌ပေကျံနေသော
အဖြူရောင်ကောင်လေးက...
သူ့အရှေ့တွင်ရှိသော သူနဲ့ ဆန့်ကျင်ဘက်
အနက်ရောင်ဝတ်ထားသောလူအား
ပစ်စတိုတစ်လက်ဖြင့်ချိန်ထားသည်။

" ကလေး သေနတ်ကိုချပြီး ကိုယ့်ဆီလာခဲ့ပါ....
နာ် ''

အနက်ရောင်လူက ထိုသို့ပြောရင်း
အရှေ့ကို ဖြည်းဖြည်းချင်းတိုးလာသည်။

" ခင်ဗျား ရှေ့တိုးလာရင် ကျုပ်ဘာလုပ်မိမလဲ
မသိဘူးနော်...အပစ်မခံချင်ရင် ရှေ့တိုးမလာနဲ့ ''

အေးစက်စွာ တစ်လုံးချင်းထွက်ပေါ်လာသော
‌ကောင်လေး၏ စကားကြောင့်
အနက်ရောင်လူ၏ ခြေလှမ်းများ
တုံ့ဆိုင်းသွားသည်။

သေနတ်ပစ်ခံရမှာကို ကြောက်တဲ့စိတ်
‌ကြောင့်တော့မဟုတ်..
တိုက်အစွန်အဖျားလေးမှာ အကာအကွယ်မဲ့စွာ ရပ်နေသော ထိုအဖြူရောင်ကောင်လေးကြောင့်
ဖြစ်သည်။

" ကိုယ် ရှင်းပြတာ နားထောင်ပါဦး....
ကိုယ်...ကိုယ်လုပ်ခဲ့တာ မဟုတ်ဘူး...
‌ကျေးဇူးပြုပြီး သေနတ်ချပြီး ကိုယ့်ဆီ လာခဲ့ပါကွာ နော် ''

" လူ သတ် သမား... ခင်ဗျားကို မုန်းတယ်
ကျုပ်ချစ်ရတဲ့လူတွေအကုန်လုံးကို
ခင်ဗျားပဲ သတ်ခဲ့တာ...
အခု ခင်ဗျားကိုသတ်မယ်...
ပြီးရင် ကျုပ်ပါ ဒီပေါ်က ခုန်ချပြီး သေမယ်...
ခင်ဗျားလို psychoကောင်ဆီက လွတ်မြောက်ဖို့ ဒီတစ်နည်းပဲ ရှိတော့တယ်....''

" ကလေး! ...
ဘာတွေပြောနေတာလဲ..
ကလေးက ဘာလို့သေရမှာလဲ...
ကိုယ်သေခွင့်မပေးပဲ ကလေးမသေရပါဘူး...
ကလေးက ကိုယ့်အနားမှာပဲ အမြဲနေရမှာ.... ''

Stay With MeWhere stories live. Discover now