Part(6)

286 25 4
                                    


#Unicode

ညသန်းခေါင်းကျော် အချိန်တွင်
ရန်ကုန်မြို့ရဲ့လမ်းမအချို့၌ ရဲကားသံများနှင့်
ဆူညံလို့နေသည်။

Clubတစ်ခုအရှေ့တွင်
Ambulanceကားအမြောက်အများ
‌နေရာယူထားပြီး မီဒီယာ သမားအချို့ကလည်း
Clubအတွင်း ဂိုဏ်းနှစ်ခုရဲ့
အပြန်အလှန် ပစ်ခတ်ခဲ့မှုအကြောင်းကို
အလုအယက် ကြေညာနေကြလေသည်။

ထိုထဲမှ သတင်းထောက်တစ်ဦးက
ဆံပင်ကို မြှင့်စည်းလိုက်ပြီး မိုက်ကို ကိုင်ကာ

" မဂ်လာပါ ×××Channelကနေ
တိုက်ရိုက်ထုတ်လွင့်နေတာပါ...
မကြာသေးခင် အချိန်က ဖြစ်ပွားခဲ့သော
ပစ်ခတ်မှုများကြောင့် Clubအတွင်းရှိ
လူအယောက် လေးဆယ်ခန့် ဒါဏ်ရာရခဲ့ပြီး
သေဆုံးသူ အယောက် နှစ်ဆယ်ကျော်ခန့်
ရှိပြီလို့ သတင်းရထားပါတယ်။
သေဆုံးသူများထဲမှ Yamaဂိုဏ်းရဲ့
‌ခေါင်းဆောင်လို့ ထင်ရတဲ့
အသက် ‌လေးဆယ်ကျော်လူတစ်ဦးကို
VIP Room တစ်ခုမှာ သေနတ်ဒါဏ်ရာနဲ့
ဦးခေါင်းခွံပွင့်လျှက် ‌သေဆုံးနေတာကိုလည်း‌
‌တွေ့ခဲ့ရတာကြောင့် မှုခင်းရဲတပ်ဖွဲ့မှ
စစ်ဆေးမှုတွေ လုပ်နေကြောင်း
သတင်းရရှိထားပါတယ်ရှင်.."

ထိုပုံရိပ်များကို Laptopပေါ်မှတဆင့်
ကြည့်နေသော လူတစ်ယောက်က
ခပ်ယဲ့ယဲ့အပြုံးနှင့် ခေါင်းခါယမ်းလိုက်ပြီး...

" ဟင်း....Yama....Yama ..
သနားစရာပါလား...
ကျားကိုမှ မကြောက်မရွံ့
အမြီးသွားဆွဲရတယ်လို့ "

ထိုလူက Laptopကို ပိတ်လိုက်ပြီး
ဝှီးချဲလက်တန်း‌ပေါ်က ခလုတ်တစ်ခုကို နှိပ်ကာ
ရန်ကုန်မြို့ရဲ့ ညအလှကို အပေါ်စီးမှ မြင်နိုင်သော
မှန်ပြတင်း‌ပေါက်‌ရှေ့သို့ ဘီးတွေကို လှိမ့်သွား‌စေလိုက်သည်။

ပြီးနောက်‌ မှန်များမှတဆင့် Zenith
Groupဆိုတဲ့ စားလုံးချိတ်ဆွဲထားသော အထပ်မြင့်အဆောက်အဦးတစ်ခုကို
အချိန်အတော်ကြာတဲ့အထိစိုက်ကြည့်ပြီးနောက်
မဲ့ပြုံးတစ်ချက်ပြုံးကာ

*ဇက်..ငါ့ကို မြန်မာနိုင်ငံကနေ နှင်ထုတ်ထားပြီး
မင်းက အရမ်းဆိုးသွမ်းနေတယ်ပေါ့
အခု ငါမင်းရှေ့ ပြန်ရောက်လာပြီ။
မကြာခင် မင်းရဲ့ အားနည်းချက်တွေကို
တစစီဆွဲထုတ်ပြီး ဟိုး‌အောက်ဆုံးထိ
ပြန်ဆွဲချပြမယ် *
/
/
/
" သား...ညဘက်တွေ overtimeမဆင်းပါနဲ့တော့လား "

Stay With MeOnde as histórias ganham vida. Descobre agora