Chapter 7

866 144 50
                                        

Unicode

ထိုသို့ဖြစ်ပြီးသည့်နောက်ပိုင်း ကုန်းကျွင်းဆီက
ဒုတိယအကြိမ်လှည့်စားခြင်းကို မခံနိုင်တော့ ။

ဘယ်လိုမှ မောင်းထုတ်လို့မရသည့်အဆုံးနေချင်နေဆိုပြီး
ဥပေက္ခာ ပြုထားလိုက်သည် ။

ကျောင်းပြန်တက်သောနေ့တွင် ကုန်းကျွင်းကပါ
ကျန်းကျီဟန်နဲ့အတူကျောင်းလိုက်ခဲ့သည်...

"ရှောင်ဟန်.. အတန်းပြီးမှတွေ့မယ် ''

ကုန်းကျွင်းက ဒုတိယနှစ်မို့ ကျန်းကျီဟန်နဲ့ အခန်းမတူပေ..
ဒါလည်း တစ်မျိုးတော့ ကောင်းပါသည် စာသင်ခန်းထဲထိနားညီးစရာမလိုဘူးလေ.. ။

အထူးသဖြင့် ဟွမ်ယူမင်နဲ့ ကုန်းကျွင်းကတွေ့တာနဲ့ ကိုက်နေကြ၍ပင်.။
ထိုနှစ်ယောက်က ဘယ်ဘဝထဲက တစ်ယောက်နဲ့တစ်ယောက်ကြည့်မရ ဖြစ်နေတာလဲ ကျန်းကျီဟန် မတွေးတတ်ပေ..။

"ကျန်းကျီဟန် မင်းရဲ့ဟိုကောင်ရော ''

"ဘယ်ကောင်လဲ..''

"မင်းအိမ်မှာ ဟိုနေ့က တွေ့ခဲ့တဲ့ အရိုင်းအစိုင်းလေးလေ..မင်းနဲ့ဘယ်လိုပတ်သတ်တာလဲ''

"သူက အရိုင်းအစိုင်းမဟုတ်ပါဘူးကွာ..''

"မင်းက အခုသူ့ဘက်က ကာပြောပေးနေတယ်ပေါ့ ''

"မဟုတ်ပါဘူးကွာ ငါနဲ့လည်း ဘာမှမပတ်သတ်ပါဘူး ဒီအတိုင်းသိရုံပါပဲ ''

"ငါမနက်က ကြားတာ မင်းသူနဲ့အတူကျောင်းလာတာဆို.. ''

"သတင်းကလည်း မြန်လိုက်တာ..''

"ကျောင်းမှာ မင်းကိုစောင့်ကြည့်နေတဲ့လူတွေချည်းပဲ ''

"ဘာလို့လဲ''

ကျန်းကျီဟန် သူ့ကိုယ်သူ ဘယ်တုန်းက အဲ့သလောက် Popular ဖြစ်သွားမှန်း တကယ်မသိပေ..။

"မင်း လျှိုခွမ်းရန်ဆိုတဲ့ ကောင်ကို သိလား''

"မသိဘူး..''

ကျန်းကျီဟန် မှာ စာကလွဲဘာမှ စိတ်မဝင်စားသည့် စာဂျပိုးသာသာ တစ်ယောက်ပင်.. ။

"မင်းကလေ ဘာဆိုဘာမှကို မသိတာ... လျှိုခွမ်းရန်ဆိုတာက မင်းကို ကြိုက်နေတဲ့ဟုန်ရှင်းနဲ့ စေ့စပ်ထားတာ.. ဒါမဲ့ ဟုန်ရှင်းက သူ့ကို မကြိုက်ပဲ မင်းကိုပဲ အသေအလဲဖြစ်နေတာလေ''

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Where stories live. Discover now