Part-5

1.9K 146 0
                                    

Precious. ........

(Unicode)

မနက်ဖြန်ကျောင်းပိတ်ရက်ဖြစ်သောကြောင့် ထက်တို့နှစ်ယောက်လျှောက်လည်ရန်တိုင်ပင်နေကြသည်။ လည်စရာမယ်မယ်ရရမရှိသော်လည်း ထက်တို့နှစ်ယောက်က ကျောင်းမှာတွေ့နေရတာပင်မလုံလောက်၍ ပိတ်ရက်တွေပါလျှောက်သွားတတ်သည့်ခြေရှည်သည့်အတွဲပါလေ။
နေ့လည်ပိုင်းအတန်းမတက်သေးသောကြောင့် ဝသုန်လည်း စာရေးခုံပေါ်လက်တင်၍ ပျင်းတိပျင်းရွဲဖြင့်သူတို့နှစ်ယောက်စကားဝိုင်းထဲ နားထောင်နေလိုက်သည်။
နေ့လည်ပိုင်းနေပူသောကြောင့် ရှပ်အက်ျီကြယ်သီးတစ်လုံးကိုဖြုတ်ထားလိုက်သည်။ခုံပေါ်တွင်ဒူးတစ်ဖက်ထောင်၍ သူတို့နှစ်ယောက်၏ခပ်ကြိတ်ကြိတ်စကားသံကိုနားစွင့်နေသည်။  ဝသုန့်နားထင်စပ်နားတွင်လည်း ချွေးသီနေ၏။

" ကို ထက်တို့icon မှာပဲရုပ်ရှင်ကြည့်ကြမယ်လေ နေပူတော့ဘယ်မှမသွားချင်ဘူး ဝသုန်နင်လည်းလိုက်ခဲ့ရမယ်နော်"

ဖုန်းကြည့်နေသော ဝသုန်ထံသို့မေးငေါ့မေးလိုက်သောအခါ ဝသုန်က

" ဟင့် ငါကနင်တို့နှစ်ယောက်ကြားထဲ ရှုပ်နေမှာပေါ့ အိမ်မှာပဲနေမှာ အပျင်းမထွက်ဘူး "

​ပြောပြီးဖုန်းပြန်ကြည့်နေသောကြောင့် အလယ်တွင်ထိုင်နေသောအံ့မှူးက ဝသုန်ဖုန်းအား အကဲခတ်လိုက်၏။ စာပို့နေဟန်တူသောဝသုန်ကြောင့် အံ့မှူးက စချင်လာသဖြင့်

"မင်း ဘယ်သူနဲ့ပြောနေပြန်ပြီလဲ မင်းမှာလည်းတော်တော်ဇယားရှုပ်တယ် "

ဝသုန့်၏ဆံပင်ကောက်ကောက်လေးများကို တစ်ချက်ဘေးနားသပ်လိုက်၍ ပြောလာသည်။ ထိုအခါစပ်ဖြဲဖြဲဝသုန်က ဘာမှမပြောဘဲ ရယ်နေလျက်။
ထက်ကတော့ သူ့သူငယ်ချင်းအားကြည့်၍ ခေါင်းခါလိုက်ကာ ကြည်လင်သောအသံလေးဖြင့်

" ဝသုန် နင်ရည်းစားထားမယ်ဆိုလဲ ထားလိုက် အဲ့လိုလျှောက်မအီနဲ့ နောင်တစ်ချိန်ကျရင် အဲ့ဇယားတွေကအတော်ဖြေရှင်းရမှာနော် အချစ်ကိုမကစားနဲ့ "

ထက်ထက်အပြောကြောင့် ဝသုန်စဥ်းစားလိုက်မိသည်။
သူ့အတွက်က ပြည့်စုံပြီးသားဖြစ်၍ အချစ်ဆိုတာ မရှိသလိုတောင်ဖြစ်နေပြီဖြစ်၏။ တစ်ခါတစ်ရံ တီတီတာတာပြောချင်သည်ဖြစ်သည်မှအပ ရည်းစားမထားချင်သေးပါ။ ဝသုန့်ကို ချုပ်ချယ်မှာအသေကြောက်၏။
ယခုလို စကားလာပြောလျှင်စိတ်ပါလျှင်ပြန်ပြောလိုက်၊ စိတ်မပါလျှင်မပြောပါ။ ထိုသို့သာသူနေသားကျနေ၏။
ထက်တို့အတွဲကို တစ်ခါတလေ သူသဘောကျသော်လည်း သူတို့နှစ်ယောက်ရန်ဖြစ်စကားများကြသည့်အခါများတွင်သူစိတ်ပျက်မိ၍ ​ပြောသည့်အခါများတွင် ထက်ကတော့
"နင် မချစ်တတ်​သေးလို့ပါ"တဲ့။ သည်စကားကိုမှားတယ်ဟုဆိုလိုချင်သည်။ အဘယ်ကြောင့်ဆိုသော် ဝသုန်က အရမ်းချစ်တတ်၏။ အကယ်၍များ ရည်းစားရရင် ကိုယ့်ချစ်သူလေးကိုလိုချင်တာဝယ်ပေးမည်။ စိတ်တိုင်းကျထားမည်။ မျက်နှာတစ်ချက်မညိုးစေရ။ သူဟာကိုယ့်ကမ္ဘာဟူ၍ ခပ်ကြောင်​ကြောင်အတွေးတွေးခဲ့ဖူးသည်။ သို့သော်လက်တွေ့တွင် သူရည်းစားမထားချင်ပါ။

Precious (Completed) Tempat cerita menjadi hidup. Temukan sekarang