Part-30

1.1K 68 3
                                    

Precious

ညနေခင်းလေးနာရီဝန်းကျင်လောက်ရောက်နေသည့်အချိန်တွင် ဝသုန်တစ်ယောက် ပိုင်ဟိန်းစက် ဆိုင်သို့ရောက်ချလာသည်။ ဆိုင်ဝတွင်ခပ်တည်တည်ဖြင့်လာနေသော ဝသုန်ကြောင့် ဆိုင်မှဝန်ထမ်းလေးများသာမက ဂျာကြီးပင်ခပ်ရှိန်ရှိန်ဖြစ်ရသည်။ ဘာကိုအလိုမကျ၍ မျက်နှာတည်နေမှန်းမသိသော ဝသုန်ကြောင့် တစ်ယောက်တစ်လှည့်မျက်စာပြစ်နေကြ၏။
တည်တည်ငြိမ်​ငြမ်ဖြင့် ပိုင်ဟိန်းစက်ရှိနေရာရုံးခန်းသို့ဝင်သွားသောအခါ ဖုန်းပြောနေသော ပိုင်ဟိန်းစက်ကြောင့် ဝသုန်ကိုယ်ရှိန်သတ်လိုက်ရသည်။
အနောက်ဖက်သို့လှည့်၍ဖုန်းပြောနေသောပိုင်ဟိန်းစက်က ဝသုန်ရောက်နေသည်ကိုသိပုံမရပေ။
သူပြောနေသည်များကို ဝသုန်တစ်စွန်းတစကြားရသည်ကတော့ ရုံးဌာနတစ်ခု၏မိတ်ဆုံစားပွဲအပ်နေသည်ဟုထင်ရလေသည်။ စားပွဲပေါ်တွင်ကြည့်လိုက်သောအခါ ဘယ်အချိန်ကတည်းက တင်ထားမှန်းမသိသော ဝသုန်ဓာတ်ပုံမှန်ဘောင်လေးကြောင့် ဝသုန်ယူကြည့်နေသည်။ ဝသုန့်ကိုအဖြေတောင်းစဥ်ကရိုက်ခဲ့သောပုံလေးမှန်း ဝသုန်သတိထားမိပါသည်။

တစ်ခါတလေမှာ လူတွေက ကိုယ်ပေးဆပ်ခဲ့ရတာထက်ပို၍ ဂရုစိုက်မှုကိုလိုချင်ကြသည်တဲ့။ ဝသုန်ကတော့ ကိုယ့်ဘက်မှယခုအခြေအနေအထိ ဘာမှရေရေရာရာမပေးဆပ်ရသေးသော်လည်း ပါပါး၏ဂရုစိုက်မှုကိုအပြည့်အဝရနေသည့် ကံကောင်းသော လူသားလေးတစ်ယောက်ပင်။ ပိုင်ဟိန်းစက်ဆီမှဘာမှထပ်၍မတောင်းဆိုရအောင် ဖြည့်ဆည်းပေးနေသည်ပဲ။ မှန်ဘောင်လေးကို ပြန်ထားလိုက်၍ ချောင်းဟန့်လိုက်သောအခါ ပိုင်ဟိန်းစက်က မိမိဘက်သို့လှည့်လာ၏။ ထို့နောက်ဖုန်းပြောနေခြင်းကိုလက်စသတ်လိုက်၍


"ဝသုန်ဘယ်လိုရောက်လာတာလဲ ကိုယ်မသိလိုက်မိဘူး "

"ပါပါးက တစ်နေကုန်ဖုန်းမှမဆက်တာ ကျွန်တော်ကလိုက်လာရတာပေါ့ "


ခပ်ချွဲချွဲလေးပြောဆို၍ ပိုင်ဟိန်းစက်ပေါင်ပေါ်သို့ ဝသုန်သွားထိုင်လိုက်သည်။ ထို့နောက် ဝသုန့်ခါးတွင်ဖက်ထားသော ပိုင်ဟိန်းစက်လက်များကိုဆွဲယူ၍ ဆုပ်ကိုင်လိုက်သည်။ အဘယ်ကြောင့်ချွဲနေသည်လဲမသိသောပိုင်ဟိန်းစက်က လျော့လျော့ကလေးထိုင်နေသောဝသုန်ကိုယ်လေးကို ပေါင်​ပေါ်သို့ပြန်တင်လိုက်၍

Precious (Completed) Where stories live. Discover now