ep...3Uni/Zawgyi

59 12 0
                                    

Unicode

ရှေး ကျောင်းခန်းထဲကို ဝင်မလို့လုပ်နေတုန်း..အပေါက်ဝမှ
ကိုယ်တစ်ခြမ်းကွယ်ကာ ကျောင်းခန်းတွင်းကို ချောင်းကြည့်နေတဲ့ ကောင်မလေးတစ်ယောက်....

ကိုယ်နဲ့မဆိုင်တာမို့ လွတ်နေတဲ့နေရာကနေ အခန်းထဲ ဝင်သွားလိုက်ပြီး...ဒီနေ့ထပ်ရမဲ့ သချၤာတွက်ပြီးသား
စာအုပ်ထဲကိုသာ ခေါင်းနှစ်ထားလိုက်သည်..

အခန်းထောင့်က နာရီကို လှမ်းကြည့်ရင်းနဲ့ တစ်ဆက်တည်း
အပေါက်ဝမှာ အခုထိ ချောင်းကြည့်နေသေးတဲ့ ကောင်မလေးကိုပါ မြင်လိုက်ရသည်....

ထိုကောင်မလေးဟာ..အပေါက်ဝမှာ ခေါင်းလေးတစ်လုံး
ပြူပြီး ကြည့်နေသည်...အခန်းထဲက ဘယ်သူမှလည်း သတိမထားမိဘူး ထင်သည်..အချို့က သချၤာတွေကို
ဟိုစာအုပ်ထဲကကူး..ဒီစာအုပ်ထဲကကူးနဲ့..တစ်ချို့ကျတော့လည်း..စကားထိုင်ပြောနေကြသည်..

ဒီကောင်မလေး ဝင်မှာလား..မဝင်ဘူးလား..ကျောင်းတောင်
တက်နေပြီဟာ...

ထိုကောင်မလေးကတော့ အခန်းတွင်းကို တောင်ကြည့်မြောက်ကြည့်လျှောက်ကြည့်နေရာကနေ
တစ်နေရာအရောက် အကြည့်တို့ရပ်တန့်သွားသည်....

သူ့အကြည့်ရပ်သွားတဲ့နေရာက ရှေးထိုင်နေသည့်နေရာ...

စက္ကန့်ပိုင်းလောက် ကြောင်အစွာကြည့်နေရင်းနဲ့မှ သူမသည်
ရှေးကို လက်ညိုးလေးတစ်ချောင်းနဲ့ သူ့ဆီလာရန် လက်ဟန်ပြသည်.....

ရှေး ကိုယ့်ကိုကိုယ် လက်ညိုးလေး ပြန်ထိုးပြီး ငါလားဆိုပြီး
ပါးစပ်လှုပ်ရုံမေးလိုက်တော့..သူမသည် ခေါင်းငြှိမ့်ပြသည်..

ရှေးလည်း ကြောင်အအဖြင့်သာ သူမအနား
သွားရပ်လိုက်တော့..ရှေးကိုယ်ကို အပေါက်ဝဘက်
်လှည့်လိုက်ပြီး သူမက ရှေးအနောက်ကနေ အကျႌစလေးကို
ဆုပ်ကိုင်လာသည်...

"ဘာ.ဘာလုပ်တာလဲ..နင်"

"ရှူးးး...ရှေ့ကသွား.."

တောင်းဆိုသလို အသံနဲ့ အမိန့်ပေးသလို စကားအသုံးအနှုန်းအား မလွန်ဆန်မိဘဲ ရှေ့ကနေ ဦးဆောင်
သွားလိုက်သည်...

"ရပြီ..ရပြီ"
အနောက်ကနေ ထပ်ထွက်လာတဲ့အသံကြောင့် ခြေလှမ်းတွေကို ရပ်လိုက်ပြီး အနောက်ကို
လှည့််ကြည့်လိုက်တော့..ရှေးထိုင်တဲ့ နှစ်ယောက်တန်းရဲ့
လွတ်နေတဲ့တစ်ဖက်မှာ သူမဟဟာဝင်ထိုင်နေသည်...

ဖက္တြယ္မိထားေသာWhere stories live. Discover now