ep...7 Uni/Zawgyi

88 8 0
                                    

Unicode

အန်တီကတော့လေ..ကြွားတာအကျင့်လားမသိပေမဲ့...
နားထောင်ရတဲ့သူ အနေနဲ့တော့ နားတော်တော်ကလော်တာ"

"ဆူးသစ်ခတ်!"

"ဟုတ်..ဒယ်ဒီ"

ဒေါသတကြီး အော်လိုက်တဲ့ဒယ်ဒီ့ကို မထုံတတ်သေးရုပ်နဲ့
ပြန်ကြည့်နေလိုက်သည်.....

"ကို...ကို့သမီးကို ဆုံးမထားစမ်းပါ...ဒီမှာ..ဆူးသစ်ခတ်..
ညဉ်းက ငါမွေးရင် ငါ့သမီးအရွယ်..သိလား...လူကြီးကိုများ
စကားပြောလိုက်ရင် ပမာမခန့်နဲ့...အမြဲရိုင်းစိုင်းနေတာ..!.
ကလေးက ကိုယ့်နေရာကိုယ်နေ"

ဆူး ဘေးက ရေကို အေးဆေး စိမ်ပြေနပြေသောက်ပြီး
နှုတ်ခမ်းသားကို တစ်ရှူးနဲ့အသာ သုတ်လိုက်ကာ ထရပ်လိုက်သည်.....

"အန်တီသာ ကိုယ့်နေရာကိုနေ...ဒါဆို ရိုင်းစိုင်းတဲ့ စကားတွေ နားထောင်စရာမလိုတော့ဘူးပေါ့...
ဟုတ်တယ်မလား?"

"နင်!"

"ဆူးသစ်ခတ်!"

"ပြီးတော့ ဒယ်ဒီ...သမီးဆုပေးပွဲကို စိတ်မပါရင် မလာလည်းရတယ်...ဒယ်ဒီ့သမီးဆုပေးပွဲကိုသာ သွားပြီး
ချီးမြှောက်ပေးလိုက်ပါ...."

....................

📣📣📣

"ရှေး..လာသွားမယ်..ငါဗိုက်ဆာနေပြီ..."

"အင်းအင်း"

.
.
.

"အမလေး...ဒီနေ့တိုးရတာ လူပိုကြပ်နေသလိုပဲနော်..ရှေး"

ပဲနို့ပုလင်းလေးကို မော့သောက်လိုက်ရင်း..ပြောလိုက်တဲ့ခ...

"ဟက်...သူတိုးရတယ်ဆိုတော့....အ"

လက်ကောက်ဝတ်ကို အနောက်ကနေဆောင့်ဆွဲပြီး ဆွဲလှည့်လိုက်တဲ့ တစ်စုံတစ်ယောက်ကြောင့် ရှေးဟန်ချက်ပျက်ပြီး ယိုင်သွားကာ လန့်ပြီးမျက်လုံးဖိမှိတ်မိလိုက်သည်.......

ပါးပြင်ပေါ်က ရိုက်ခတ်နေတဲ့လေကြောင့် သိလိုစိတ်နဲ့ မျက်လုံးပြန်ဖွင့်လိုက်တော့ ရှေးရဲ့မျက်နှာနဲ့ 3လက်မအကွာလောက်မှာ ရှိနေတဲ့...နောက်ထပ်မျက်နှာတစ်စုံ......

"ရှေး?"
ရှေး ကြောင်အပြီးရပ်နေရာကနေ ခရဲ့ အသိပေးသလိုအသံ
လေးထွက်လာမှ ရှေးရဲ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားတဲ့
လက်တစ်ဖက်ကို ဖြုတ်ချလိုက်ပြီး ခပ်ခွာခွာမှာ ရပ်လိုက်သည်

ဖက္တြယ္မိထားေသာWhere stories live. Discover now