ep...5Uni/Zawgyi

54 10 0
                                    

Unicode

"သမီးရှေး..သိမ့်ပြောပြလို့ သိထားတာ..သဘက်ခါ သမီးမွေးနေ့ဆို...."

"အာ..ဟုတ်ကဲ့"

"အဲ့တာ သမီးမွေးနေ့ပါတီ လုပ်ချင်လားလို့...ဒယ်ဒီ ပါတီ
လုပ်ပေးရမလား..."

ရှေး လက်ထဲက ဇွန်းနဲ့ခက်ရင်းကို အသာချလိုက်ပြီး
ပြုံးနေကြအတိုင်း ပြုံးပြလိုက်သည်...

"ရပါတယ်..အဲ့လိုလုပ်ပေးစရာ မလိုပါဘူး ဒယ်ဒီ...
ကျေးဇူးပါပဲ.."

"မဟုတ်တာဘဲ..ရှေးလေးရယ်..က ိုကစေတနာနဲ့ သမီးအတွက် စဉ်းစားပေးထားတာ...
ငြင်းရင်အားနာစရာကြီး ကွယ်.."

"ဟုတ်တယ်...ဒယ်ဒီ့ကို အားနာရင် မငြင်းပါနဲ့...သမီးရှေးရဲ့
ဒီအိမ်ရောက်ထဲက ပထမဆုံးလုပ်တဲ့ မွေ့နေ့ပွဲကို ဒယ်ဒီက
ခန်းခန်းနားနားတော့ လုပ်ပေးချင်တာပေါ့.."

"ဟို.လေ............."

ထမင်းဝိုင်းမှ ထထွက်သွားတဲ့ ဆူးသစ်ခတ်ကို ကြည့်ပြီး
သက်ပြင်းဖွဖွ ချမိသည်.....

"ဒယ်ဒီ့စေတနာကို သမီးနားလည်ပါတယ်..ဒါပေမဲ့ လူအများကြီးနဲ့ဆို သမီးလည်း စိတ်ရှုပ်ရလို့ပါ...ဟို..ဒယ်ဒီက
သမီးမွေးနေ့မှာ အမှတ်တရအနေနဲ့ တစ်ခုခု
ုလုပ်ပေးချင်တာဆိုရင်..အမ်းး...သမီးကျောင်းက သူငယ်ချင်းအချို့ကို ဖိတ်လိုက်မယ်လေနော်...ပါတီတော့ တကယ်မလုပ်ချင်လို့..."

"အဲ့တာဆိုလည်း မွေးနေ့ရှင်သဘောအတိုင်းပဲပေါ့..ဒယ်ဒီက
အစက ဒယ်ဒီ့မိတ်ဆွေတွေပါ ဖိတ်ပြီးတော့ သမီးရှေးကို ပွဲထုတ် မိတ်ဆိတ်ပေးမလို့...အဲ့တာဆိုလည်း နောက်များမှပေါ့...သမီးသူငယ်ချင်းထဲက ဖိတ်ချင်တဲ့သူကို
ဖိတ်...ဟုတ်ပြီလား.."

"ဟုတ်..သူငယ်ချင်းဆိုလို့လည်း လေးငါးယောက်ပဲ အတည်ရှိတာပါ......"

"အေး..အေး..အဲ့နေ့ ကျူရှင်ခွင့်ယူလိုက်ပေါ့...
ကျောင်းရော တက်အုံးမှာလား.."

"တက်မှာ ဒယ်ဒီ...သူတို့ကို ကျူရှင်က အပြန် တစ်ခါထဲ
အိမ်တန်းခေါ်လာလိုက်မယ်..."

"အေးအေး..စားစား..သမီးရှေး"

"ဟုတ်"

..................

ဖက္တြယ္မိထားေသာWhere stories live. Discover now