part 〰 2 〰 zawgyi and uni
ပြောပီး ဖုန်းချသွားတယ်.. ကျနော်ပျော်လိုက်တာ မိုးကိုတောင်ကျေးဇူးတင်မိသွားတယ်... ၄ နာရီခွဲလောက်ကြတော့သူ ကျနော့်စီကိုရောက်လာတယ်... ကျနော်တို့နှစ်ယောက် ထီးတချောင်းထဲမှာ အတူဆောင်းရင်း လမ်းမှာစကားတွေပြောနေတုန်း
"ဂျိန်း... ဂျိန်း.... "
မိုးခြိမ်းလာတော့ ကျနော်လန့်ပီး သူ့လက်မောင်းကို ဆွဲကိုင်လိုက်မိတော့...
"ဘာလဲ ကြောက်လို့လားတဲ့ ". ..
ကျနော်ပြုံးပြပီး ခေါင်းညိမ့်ပြလိုက်တယ်...
" ဒါဆို အကို့လက်မောင်းကိုချိတ်ထား..."
" ဗျာ... "
ကျနော်ပျော်တာပေါ့... ကျနော့်အဆောင်က လှည်တန်း center ဘေးကပ်လျက်ဆိုတော့ အဆောင်မရောက်ခင်
"ခွေးပေါက်လေး ဗျာ... အကို မင်းကိုပြောစရာရှိတယ်... အကိုမင်းကို ရင်ခုန်နေမိတာကြာပီ ပြောမယ်ဆို အကိုမင်းကို ချစ်တယ်... ဗျာ... "
ကျနော်မထင်ထားဘူးလေ... ကျနော် မူမနေတာ့ဘူး ကျနော်သူ့ကိုတွေ့ကတည်းက ရင်ခုန်နေမိတာ အခုလိုထုတ်ပြောလာတော့ ကျနော် မိုးရေထဲ ပြေးပီးအော်ပစ်လိုက်ချင်တယ်...
"ခွေးပေါက်လေး အကိုပြောတာ ကြားလား"
ကျနော်တချက်သတိလက်လွတ်ဖြစ်သွားခဲ့သည်...
"ဟုတ်...ဟုတ်ကဲ့... "
"မင်းရော အကို့ကိုပြန်ချစ်နိုင်မလား... "
ကျနော်ခေါင်းလေးညှိတ်ပြတော့...
"မရဘူး အကို့ကိုကြည့်ပီး ပါးစပ်ကပြော..."
သူကျနော့်မျက်နှာလေးကို သူ့မျက်နှာနဲ့ ဆုံအောင် လုပ်လိုက်သည်...
"ကဲ ပြော အကို့ကိုချစ်လား... "
"ဟုတ် ကျနော် အကို့ကိုချစ် ပြွတ်... "
သူကျနော့်နှုတ်ခမ်းကို နမ်းလိုက်တော့ ကျနော် ကြောင်ငံ့ငံ့လေးဖြစ်သွားတယ်... မျက်လုံးလေး ကလည်ကလည်နဲ့သူ့ကိုကျနော်ကြည့်နေမိတယ်...
"ဒါဆို အကို့ကိုချစ်ရင် ကိုကိုလို့ခေါ်..." ဗျာ"
..."ဘာကိုဗျာလဲ မချစ်ဘူးပေါ့..."
ŞİMDİ OKUDUĞUN
အချစ်၏ဆုံမှတ်တိုင်
Romantizmအချစ်က မိုးလိုပဲ အရမ်းကိုသိမ်နုပ်တယ်... အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ သတ္တိက အရမ်းကိုလေးစားဖို့ကောင်းတယ်... အချစ်စစ်နဲ့တွေ့ခဲ့ပီးကာမှ ရင်နာရအောင် သူက စွန့်ပစ်မလား.... သို့မဟုတ် သတ္တိတွေနဲ့ပဲ ရှေ့ဆက်လျှောက်လှမ်းကြလေမလား.... ကျနော့်ရဲ့ ပထမဦးဆုံးသော ဝတ္ထုလေးက...