အချစ်၏ဆုံမှတ်တိုင်

46 2 0
                                    

part 〰 5 〰 zawgyi and uni

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာတယ်... တရက်ပီး တရက်က အရမ်းမြန်သလိုပဲ... uni တွေရဲ့စာမေးပွဲကလည်း နီးလာပီလေ... ကျနော့်ကို သူကလည်း စာသေချာလုပ်ဖို့ ညဘက်တွေ အားရှိအောင် deliver နဲ့မုန့်တွေမှာပို့ပေးတယ်...
စာမေးပွဲ ရက်အတွင်း​တော့ ကျ​နော်သူ့ကို မ​တွေ့ ဖြစ်ဘူး ကျ​နော်တို့က ​လေးဘာသာ ပဲ​ဖြေရတာဆိုတော့.. . စာ​မေးပွဲဖြေပီးတော့ သူက ကျ​နော့်ကိုပြောလာတယ် .............

"​ခွေးပေါက်လေး ကိုကိုတို့ သူငယ်ချင်းတွေ ခရီးတခုထွက်ဖို့စီစဉ်ထားတယ် ခွေးပေါက်လေးပါလိုက်ခဲ့နော်"......

"ဟုတ်..,. "

ကျနော့်စာမေးပွဲက ၂၄ ရက်နေ့ပီးတယ် ကြာသပတေးနေ့ ခရီးက ၂၅ ရက်နေ့ညပိုင်းသွားမှာ သောကြာနေ့ညပေါ့ အဲ့နေ့က ချစ်သူသက်တမ်း ၄ လပြည့်တဲ့နေ့ ကျနော်ကအမှတ်တရ ဖြစ်အောင် couple shirt လေး ဝယ်လိုက်တယ်... selfie ဆွဲပီး fb မှာ profile ချိန်းမယ်... သူ့ကိုဘာမှမပြောပဲ ကျနော်ဝယ်လိုက်တာ....

၂၅ ရက်နေ့မနက်ပိုင်း သူနဲ့ ကျနော် စံရိပ်ငြိမ်ရှေ့က ဂမုန်းပွင့်မှာ မနက်စာ ထိုင်စားရင်း စကားတွေပြောကြ ကျနော့်စာမေးပွဲအကြောင်း မေး
အော်... ဒါနဲ့ ကျနော်တို့သွားမှာက ချောင်းသာကို ကျနော်လည်းမရောက်ဖူးတာနဲ့အတော်ပဲဆိုပီးလိုက်တာ....

"ခွေးပေါက်လေး ဟိုရောက်ရင် ရေထဲ ကိုကိုမပါပဲ တယောက်တည်း မဆင်းရဘူးနော်"...

" ဟုတ်... "

"ကိုကို့ကို အနားမှာပဲ နေရမယ် ဟုပီလား..."

" ဟုတ်..."

"အင်း... လိမ္မာတယ်... "

သူ ကျနော့်ကိုပြောဖူးတယ် ကျနော်က ပြောစကားနားထောင်တယ် စိတ်လည်းမဆိုးဘူး ကျနော့်ကြောင့် စိတ်ညစ်ရတယ်ဆိုတာ မရှိဘူးတဲ့... အဲ့ဒါတွေကြောင့် ကျနော့်ကို သူ့ရဲ့ အရင်ရီးစားတွေထက် အများကြီးချစ်တယ် မစွန့်လွှတ်ချင်ကြောင်း သူပြောတယ်...
ကျနော်တို့ စားပီးတော့ ကျနော့်ကို အဆောင်ပြန်ပို့တယ်

" ည ၈ နာရီသွားမှာဆိုတော့...
အဆင်သင့်ပြင်ထားနော် ကိုကိုလာခေါ်မယ်..."

အချစ်၏ဆုံမှတ်တိုင်Where stories live. Discover now