Part 9 태 태

279 28 2
                                    


Uni

အခုလည်း အိမ်တန်းမပြန်ပါ
Jeonမှမရှိဘဲ
mini market လေးတစ်ခုမှာဘဲ လိုအပ်တာတွေဝယ်ပြီး
အဲ့အနီးနားလေးက cakeဆိုင်သွားပြီး စတော်ဘယ်ရီ cakeလေးကိုဘဲ အပူပင်ကင်းကင်း စားလိုက်တော့သည်

မစားတာကြာလို့ဘဲလား အခုရင်ထဲမှာ တစ်အားတွေခါးနေလို့လားမသိ cakeလေးက အရမ်းကို ချိုမြိန်နေတယ်
စားပြီးတော့လည်း အိမ်မပြန်ပါဘူး
ရက်ကွက်ထိပ်က parkလေးမှာ ထိုင်နေလိုက်ရင်း
Fb ထဲဝင်ကြည့်နေလိုက်တယ်

Fbထဲဝင်မိတာ မှားပြီထင်တယ်
ဟို ယွန်းဟေးဆိုတဲ့မိန်းမက Jeonပါးကို နမ်းနေတဲ့ပုံ
တင်ထားတယ် ရိုးရိုးဘယ်တင်ပါ့မလဲ
Jeonကို Tagတွဲပြီးတင်တာပေါ့
ရေးထားတဲ့ စာက ကိုကို ပါးလေးက ယွန်းအတွက်
အရမ်းချို မြိန်တာဘဲတဲ့

အဲ့တာ အကို တစ်ယောက်လို ဆက်ဆံပုံလား
Jeonကမသိတာလား ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား

အဲ့လိုမိန်းမနဲ့ Jeon ကို တစ်အိမ်ထဲပေးနေရမှာ
ရင်နာတယ်

စိတ်ညစ်ပြေအောင်လို့ အဆိုတော် J popyရဲ့
Soungကိုဘဲ နားထောင်ပြီး ခနတာ ငိုရှိုက်မိတယ်

သိပ်ရူးတာဘဲနော် ကျွန်တော်က
ဘာမဟုတ်တဲ့ အရာလေးအတွက်နဲ့ ယောကျာၤးတန်မဲ့ မျက်ရည်က်နေတာလေ

လူတွေကပြောကျတယ်ဗျ ယောကျာၤးဆိုတာ မငိုရဘူးတဲ့ သေချာတယ် အဲ့လိုပြောတဲ့လူတွေက နှလုံးသားမရှိ အကြင်နာတရား ခေါင်းပါးတယ်ဆိုတာ
ယောကျာၤးလေးလည်း လူတစ်ယောက်လေဗျာ
နာကျင်တဲ့အချိန်တော့ မျက်ရည်က ကျမိမှာဘဲ

ပြီးတော့ပြောကျသေးတယ်
အချစ်က ဗိုက်မဝဘူးတဲ့

ခင်ဗျားတို့ကို ဘသူပြောလည်း ကျွန်တော်တို့က
ဗိုက်ဝပါစေဆိုပြီး ချစ်ခဲ့ကြတာမှ မဟုတ်တာဗျာ

တစ်အားချမ်းသာပြီး အချစ်မရှိတော့ရော
အဲ့လူ ပျော်ရွှင်နေမှာတဲ့လား
ဗိုက်မဝရင်နေပါစေ အချစ်မရှိရင်တော့
ဆက်လက်မရှင်သန်ချင်ဘူး

အင်း ခုချိန်ဆို Jeonလည်း ပြန်ရောက်လောက်ပြီ

အိမ်ကို ဘဲ တိတ်ဆိတ်စွာပြန်ခဲ့တယ်
အိမ်အဝင်မှာ ကြိုဆိုနေတယ့် Lavender ပန်းခင်းလေးကြောင့် ရင်ထဲအေးသွားရသည်

Lavender Tae Tae(Complete)Where stories live. Discover now