12 zawgyi

69 3 0
                                    


"jimin na "

"ထယ်လေးလာလေ ကိုယ်ကစောင့်နေတာ "

"ဟုတ်တယ်ဂျီမင်းနီလေးရဲ့ ထယ်မေမေကြီးကို ကူပေးနေတာနဲ့ ကြာနေတာ"

"ဟုတ်ပါပြီ "

ထယ်မသေခဲ့ပါဘူး ကားပေါ်ကနေခုန်ဆင်းခဲ့ပြီး ခြေထောက်ဒဏ်ရာကြီးနဲ့ ကားလမ်းအတိုင်းဆက်သွားရင်း
သတိလစ်သွားခဲ့တာ ဖြစ်ချင်တော့
ဂျီမင်းကလည်း ကလေးတွေအတွက်
ပစ္စည်းတက်ဝယ်ရင်း လမ်းမှာသတိလစ်နေတဲ့
ကျွန်တော့်ကို ကယ်တင်ခဲ့တယ်.

ဂျီမင်းက မိဘမဲ့ဂေဟာကလေ
ပညာတတ်တယောက်ပေါ့
အခုဂေဟာမှာ ကျောင်းဆရာ ပြန်လုပ်ပေးနေရှာတာ ဂျီမင်းနီရဲ့ စိတ်ထားလေးက အမွန်မြတ်ဆုံးဘဲ
ကျွန်တော်Jeonကြောင့်စိတ်ဓာတ်ကျနေချိန်
တလျောက်လုံး ဂျီမင်းနဲ့ ဂေဟာမှုး မေမေကြီးက ဖေးမပေးခဲ့တာ
အခုထယ်Jeonကိုမမေ့နိုင်သေးပေမယ့်
ကလေးတွေကို စာသင်ပေးလိုက် မေမေကြီးကို ကူညီလိုက်နဲ့ အချိန်တွေ
ကုန်ဆုံးနေခဲ့တာမို့ လွမ်းချိန်တောင် မရှိသလောက်ပါဘဲ

Jeonကတော့ ခုချိန်ဆို ယွန်းဟေးနဲ့
သာယာတဲ့မိသားစု ထူထောင်နေကောပေါ့

ဒီဂေဟာလေးက နယ်ဘက်ကျနေတော့ အလှုရှင်သိပ်မရှိဘူး
အဆက်အသွယ်တွေလည်း မရဘူး
phလိုင်းတောင် မိတယ်ဆိုယုံဘဲ

"Taeရေ ဒီနေ့တော့ ကလေးတွေအနားပေးထားတယ်
အဲ့တာ မင်းနဲ့ငါ မြို့တတ်ပြီး
လိုအပ်တာလေးတွေသွားဝယ်ရအောင်"

"အင်းသွားမယ်လေ Kaja"

"ထယ်ထယ် မီးမီးလည်း လိုက်ခဲ့မယ်နော်"

ချစ်စရာကောင်းအောင် တောင်းဆိုနေသော
ထယ်သိပ်ချစ်ရတဲ့ ချယ်ဆိုးလေး
ဂေဟာကိုစရောက်ကတည်းက ထယ်ထယ် ထယ်ထယ် ဆိုပြီး ချွဲတတ်တဲ့ မီးမီးလေး ချယ်ဆိုးကို ထယ်သိပ်ချစ်ရပါသည်
ထယ့်လိုဘဲ လာဗင်ဒါတွေကို သူသိပ်ကြိုက်ပါသည်တဲ့လေ
ခရမ်းရောင်လေးတွေကိုမှ ရွေးချယ်ပြီး
ဝတ်တတ်သေးသည်

အခုလည်းခရမ်းရောင် ဂါဝန်ကားကားလေးနဲ့
ချယ်ချယ်လေးက ကော်ပတ်ရုပ်မလေးလိုပင်
ဒီလိုချစ်စရာ​ကလေးလေးကို
လွှင့်ပစ်ရက်တဲ့ မိခင်ကို ထယ်အံသြရပါသည်
ကမျင်းတုန်းက ကမျင်းပြီးခါမှ
ကလေးကိုတာဝန်မယူနိုင်ကျလို့
မိဘမဲ့ဂေဟာတွေဆိုတာ ဖြစ်လာခဲ့တာလေ

Lavender Tae Tae(Complete)Where stories live. Discover now