13 zawgyi

81 4 0
                                    

တိတ်ဆိတ်ငြိမ်သက်နေတဲ့ လေထုနဲ့ အတူ
တစ်ချိန်က အမှတ်တရတို့ မြဲမြံခဲ့တဲ့
အိမ်ကြီးကို အခုတော့
နောင်တတွေ တပွေ့တပိုက်နဲ့ ထယ်ယောင်း
ပြန်လည်ခြေချခဲ့ပြီ

ဘာမှမပြောင်းလဲဘူးထင်ရပေမယ့်
သိပ်ချစ်ရတဲ့Lavender ပန်းခင်းကြီးကတော့
အရင်ကထက်ပင် ပိုလို့ကျယ်ပြန့်လာခဲ့ပြီ
လေအ​ဝေ့မှာ ရနံ့မွှေးလေးများ
ကပ်ပါလာပြီး စိတ်ကိုနွေးထွေးစေတယ်

ပန်းခင်းလေးရဲ့ အလယ်မှာ သိပ်ချစ်ခဲ့ရတဲ့
လူသား က ကောင်းကင်ကြီးပေါ်က နေနီစွေးစွေး
ကို ငေးကြည့်နေလေရဲ့
ဂန္နာဝန်ဆန်နေပေမဲ့လည်း
တစ်ကယ်က ၀မ်းနည်းမှုတွေ ပြည့်လို့
နောင်တဆိုတာ သိမ်ငယ်မှုဆိုတာ
ထယ်ယောင်း ဆိုတဲ့ ကျွန်တော်
ကောင်းကောင်းကြီးကို ခံစားနေရပြီ။

သိပ်ကြာကြာငေးခွင့်မရဘူးထင်ပါရဲ့
ဂျွန့်အမေရဲ့ စကားသံကြောင့်

"သားငယ် ဒီမယ်ကြည့်ပါဉီးကွယ်
သားချစ်ရတဲ့ ထယ်လေ ပြန်လာပြီ သားရဲ့"

သူလှည့်ကြည့်လာခဲ့ပြီ
မယုံနိုင်တဲ့ မျက်ဝန်းတွေ အံ့အားသင့်တဲ့
ပုံရိပ်တွေ ထင်ဟပ်နေပြီး
မျက်ရည်များသွင်သွင်ကျပြီး ပြုံးပြနေခဲ့တယ်
ပြီးတော့ ကောင်းကင်ကြီးကိုဘဲ ပြန်ငေးကြည့်
နေရင်းစကားဆိုလာလေတဲ့ ဂျွန်

"အိုမား ထယ်မဟုတ်ဘူးမလား
တကယ်ထယ်ဆို သူပြန်လာတော့မှာမဟုတ်ဘူး
အဲ့တာ ထယ်မဟုတ်ဘူး
ထယ်က ကောင်းကင်ကြီးပေါ်မှာ သားကို
ပြုံးပြနေတယ်လေ"

ဘာတြွေဖစ်ကုန်တာလည်း
ကျွန်တော့ ကမ္ဘာကြီး ခြာခြာလည်သွားသလိုဘဲ
မယုံကြည်နိုင်မှုတွေကြောင့် ခေါင်းကိုသာ
အသွင်သွင်ခါရင်း မျက်ရည်ဆိုတာ
ခွင့်ပြုမိန့်မပါပါရက်နဲ့ တသွင်သွင် စီးလာခဲ့ပြီ
ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားပြီ
ငါဘာတွေလုပ်ခဲ့မိပါလိမ့်
ငါ့ရဲ့ တုံးအမှုတွေကြောင့်
ယုံကြည်မပေးနိုင်မှုတွေကြောင့်
မာနတွေကြောင့်
ငါဘာမှမသိလိုက်ခင်မှာဘဲ
ငါ့ရဲ့ ကမ္ဘာငယ်လေးဟာ ပြိုပျက်သွားခဲ့ပြီ
ဒီလိုဖြစ်ရမှာမဟုတ်ဘူးလေ
ဂျွန်နဲ့ငါ ပျော်ရွှင်နေရမှာ။

Lavender Tae Tae(Complete)Where stories live. Discover now