[2]

4.8K 446 9
                                    

{ 5 }

နောက်ညတွေလည်းခင်ဗျားဆီ လာခဲ့မယ်ဆိုတဲ့စကားအတိုင်း၀မ်ရိပေါ်ကသူ့ဆီညတိုင်းလာပါတယ်။အနောက်မှာ ကိုယ်ရံတော်လိုလိုဘာလိုလိုနဲ့တယောက်အမြဲပါတတ်ပြီး ၀တ်ရုံစတွေကလည်းအဖိုးတန်မှန်းသိသာတာမို့ အထက်တန်းစားလွှာထဲကဖြစ်မယ်မှန်းလည်းသေချာသည်။

ဟိုစပ်စပ် ဒီစပ်စပ်နဲ့ညတိုင်းစကားတွေပြောဖြစ်ကြရင်း ၀မ်ရိပေါ်ကသူထင်ထားသလို လူဆိုးတော့မဟုတ်ချေ။စကားပြောရတာလည်းကောင်းပြီး ဗဟုသုတလည်းကြွယ်၀သည်။တချို့ညတွေဆို ၀မ်ရိပေါ်ပြောပြတဲ့နန်းတွင်းကအကြောင်းအရာတွေက တအားစိတ်လှုပ်ရှားဖို့ကောင်းလွန်းလို့ ညလုံးပေါက်သည့်အခါတွေလည်းရိှသည်။

၀မ်ရိပေါ်ဟာနန်းတွင်းနဲ့အမှုထမ်းတဦးလို့ သူထင်သည် ဘာလို့ဆိုနန်းတော်ထဲကအကြောင်းအရာတွေတော်တော်များများကို၀မ်ရိပေါ်ကသိသည်။ဘာလို့လာတိုင်းပါဝါစကြီးအမြဲအုပ်ထားပြီး သူနဲ့နှစ်ယောက်ထဲရိှတဲ့အချိန်မှချွတ်လဲ ဆိုတာတော့လည်း ခုထိသူမသိချေ။

"သခင်လေး ရိှုက်ကော(ကိုလူချော)ကဒီညရောလာဦးမှာလား"

ပါဝါစအုပ်ထားတာတောင် အသံလေးကြားရုံမျက်လုံးလေးမြင်ရရုံနဲ့ ချင်းအာကအစ သူ့ဆောင်ကြာမြိုင်ကကောင်မလေးတွေ ဘာလို့တအားရိှုက်ကော ရိှုက်ကောနဲ့ဖြစ်နေကြမှန်းရှောင်းကျန့်စဥ္းစားမရ။

"ချင်းအာရယ် ငါလည်းဘယ်သိပါ့မလဲ"

သူ့အဖြေကြောင့် ချင်းအာမျက်နှာလေးကညိုးခနဲဖြစ်သွားတယ်။ဒီကောင်မလေးတွေဒီလောက်ဖြစ်နေတာ သူ့လို၀မ်ရိပေါ်ရဲ့မျက်နှာကိုသာ မြင်ခွင့်ရရင်၀မ်ရိပေါ်နောက်အထုပ်ပိုက်ပြီးလိုက်မလားတောင်မသိ။

"ဒါနဲ့လေသခင်လေး ရိှုက်ကောကဘာလို့ညတိုင်းလာနေတာလဲဟင်"

"ညတိုင်းလာသောက်နေတာလေ အဲ့ကောင်အရက်တအားကြိုက်လို့နေမှာပေါ့"

"အဆောင်ကမိန်းကလေးတွေပြောတာကတော့လေ ရိှုက်ကောကသခင်လေးရှောင်းကိုကြိုက်နေတာတဲ့"

ပြုံးစစနဲ့ပြောလာသည့် ချင်းအာကိုမသိချင်ယောင်ဆောင်ထားလိုက်ပါသည်။
ဒါကဘယ်လိုတောင်မဖြစ်နိုင်တဲ့ ကောလဟာလကြီးလဲ။

"ဧကရာဇ်ပြုံး၀င့်ကိုမင်းနဲ့အတူသောက်ချင်တယ်" [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now