[4]

539 83 3
                                    

{ 10 }

ညကမီးပုံးပျံပွဲကအပြန်နောက်ကျတာကြောင့် သခင်လေးရှောင်းကနှစ်ခြိုက်စွာအိပ်မောကျနေသည်။သခင်လေးရှောင်း အိပ်နေတဲ့ပုံကြည့်ပီး ချင်းအာမနှိုးရက်တာနဲ့ အခန်းပေါက်ကနေ အသာလေးသာပြန်လှည့်လာလိုက်သည်။

မနက်ခင်းဆို ဆောင်ကြာမြိုင်မှာဧည့်သည်ပါးတာကြောင့် အငယ်တွေစု​ဝေးစကားပြောနေတဲ့နားပဲချင်းအာသွားထိုင်နေလိုက်သည်။

"မမလေးချင်းအာ သခင်လေးကမနိုးသေးဖူးလား"

"မနိုးသေးဖူး ညကလည်းတော်တော်နောက်ကျတယ်နဲ့တူပါရဲ့"

" ရှိုက်ကောနဲ့ဘာတွေများလုပ်နေလို့ ဒီလောက်တောင်နောက်ကျရတာလဲမသိဖူး"

အငယ်တယောက်ရဲ့စကားဆုံးတာနဲ့ချင်းအာအပါအ၀င် စကားဝိုင်းကမိန်းကလေးတွေအကုန်လုံးရဲ့မျက်နှာကပြုံးစိပြုံးစိဖြစ်ကုန်ကြတယ်။သူတို့ရဲ့မျက်နှာက တခုခုကိုတွေးပီးပျော်မြူးနေတာနဲ့ တူသည်။

"သခင်လေးနိုးလာရင် ဒီသတင်းကိုချက်ချင်းပြောပြရမယ်"

"ဟုပါ့ သခင်လေးသာသိရင်တအားဝမ်းသာမှာ"

"အား...သခင်လေးရှောင်းကိုငါပြောပြဖို့မစောင့်နိုင်တော့ဖူး"

တကယ်ပဲချင်းအာ သခင်လေးရှောင်းကို ဒီလိုသတင်းကောင်းကိုပြောပြဖို့မစောင့်နိုင်တော့ဖူး။

{ 11 }

မျက်လုံးထဲထိထိုးကျနေတဲ့အလင်းရောင်ကြောင့် ရှောင်းကျန့်ဆက်အိပ်မနေနိုင်တော့ပဲ မထချင်ထချင်ထရတော့သည်။နေစူးလို့စိတ်ဆတ်နေတဲ့ကြားထဲကမှ မနေ့ညကအိမ်မက်ဆိုးလို အဖြစ်အပျက်ကြီးကခေါင်းထဲပြန်ရောက်လာတယ်။

အား....၀မ်ရိပေါ်မကောင်းတဲ့ကောင်
စောက်ရူးလိုကောင် အိမ်ရှေ့စံကိုပြန်တိုင်မယ်ဆိုပီး သူ့ကိုခြိမ်းခြောက်တဲ့မျက်နှာဆို တ
ကယ့်ကိုအမှုန့်ကြိတ်ပစ်ချင်စရာကောင်းလွန်းတယ်!!

ခုတော့ ခုတော့...ဒီလိုအရူးလိုကောင်ကြောင့်
သူ့ရဲ့ပထမဆုံးအနမ်းလေးတော့ သွားပီ သွားပီ သွားတာမှလုံးဝရေစုန်ကိုမျောသွားတော့တာ....

"ဧကရာဇ်ပြုံး၀င့်ကိုမင်းနဲ့အတူသောက်ချင်တယ်" [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now