[6]

2.8K 365 9
                                    

{ 16 }

၀မ်ရိပေါ်ပေးခဲ့တဲ့ ကျောက်စိမ်းပြားလေးကက သူ့လက်ထဲရိှနေတာ နက်ဖန်ဆို1ပတ်ပြည့်ပြီဖြစ်သည်။ထို့အတူ မနက်ဖန်ဟာလည်း နန်းတွင်းထဲလာခဲ့မယ်ဟု သူကတိပေးခဲ့သည့်ရက်ဖြစ်သည်။

ချင်းအာကို နန်းတော်ထဲသွားမယ့်အကြောင်းပြောတော့ ချင်းအာကတော့တအားကိုပျော်ပြီးသူ့ပါအတင်းခေါ်ဖို့ပြောသည်။ တကယ်ဆို၀မ်ရိပေါ်က သာမန်အမှုထမ်းတယောက်ပဲ သူတယောက်လာလည်တာလောက်ကတော့ ဘာမှမဖြစ်နိုင်ပေမယ့် ချင်းအာပါလိုက်လာမည်ဆိုရင် ၀မ်ရိပေါ်အတွက် ၀န်ထုပ်၀န်ပိုးတခုလိုဖြစ်နေနိုင်သည်လေ။

ဒါကြောင့် ချင်းအာကိုချော့မော့ပြောကာနေခဲ့ခိုင်းထားရသည်။

တကယ်တော့ရှောင်းကျန့်က ငယ်ငယ်လေးကလည်းအခြွေအရံတွေ အစေအပါးတွေနဲ့နေလာခဲ့တဲ့သူ။အခုလိုမျိုး ဘေးမှာဘယ်သူမှမပါပဲ အစိမ်းသက်သက်နေရာကြီးကို တယောက်ထဲသွားရမယ်ဆိုတော့ သူ့အတွက်
နည်းနည်းတော့နေရခက်သည်။

ဒါမယ့် ဒါတွေဟာ၀မ်ရိပေါ်သူ့ဆီညတိုင်းလာပီး မနက်မိုးလင်းခါနီးမှပြန်သွားတာတွေနဲ့
ယှဥ္ရင်တော့ ပမွှားလေးတွေပဲလေ။

အ၀တ်ဗီရိုထဲက အ၀တ်အစား၅စုံ​၆စုံလောက်ကို ထုပ်ပြီးမနက်ဖန်၀မ်ရိပေါ်ဆီသွားရင် ဘာ၀တ်သွားရင်ကောင်းမလဲ သူတကယ်ကို
စဥ္းစားရကျပ်နေသည်။

အဖြူရောင်

ဒီ၀တ်စုံကတော့ အသားဖြူတဲ့သူနဲ့တော်တော်လေးလိုက်ဖက်ပြီးကြည်လို့ကောင်းတယ်လို့ လူအများကပြောကြပေမယ့် သူငယ်ချင်းကိုသွားတွေ့ဖို့ဒီ၀တ်စုံကြီး၀တ်ဖို့ကတော့ နည်းနည်းရယ်ချင်စရာကောင်းသည်။မသိရင် ရှောင်းကျန့်က ကိုယ်နဲ့လက်ထပ်မယ့်သတို့သမီးကို သွားတွေ့မယ့်သတို့သားလောင်းနှင့်တောင် တူနေနိုင်သေးသည်။

တရောင်ပီးတရောင်စဥ္းစားပြီးတဲ့ထိ သူ့ခေါင်းထဲမှာ ဘာ၀တ်ရမှန်းအဖြေထွက်မလာသေးဖူး။

"သခင်လေး ဘာရှာနေတာလဲ အ၀တ်တွေလည်းပွလို့"

"ချင်းအာ ငါ့ဖို့၀တ်စုံတစုံလောက်ရွေးပေးစမ်းပါ"

"ဧကရာဇ်ပြုံး၀င့်ကိုမင်းနဲ့အတူသောက်ချင်တယ်" [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now