Part- (3)

1.9K 332 22
                                    

ဟိုတစ်နေ့က ကိစ္စနဲ့ပတ်သက်ပြီး
ဂျုံအင် အစ်ကိုနဲ့မတွေ့တာ ၄ ရက်လောက်ရှိသွားပြီ။ 

အစကတည်းက ဂျုံအင်ကပဲ အစ်ကို့ဆီသွားခဲ့တာမို့
အစ်ကိုသည်လည်း
ဂျုံအင်နဲ့တွေ့ဖို့ရာမကြိုးပမ်းလာပါ။
တစ်ခါတစ်လေ ခြံထဲမှာ cigarette ထိုင်သောက်
တာပဲဖြစ်ဖြစ် ဂစ်တာတီးနေတာပဲဖြစ်ဖြစ်တွေ့
ရတိုင်း ဂျုံအင်ကပဲ
ဖုန်းဆက်တာပဲဖြစ်ဖြစ် သွားတွေ့ချင်တာပဲ
ဖြစ်ဖြစ်လုပ်ချင်လာမိသည်။

သို့သော် သူနဲ့ပတ်သက်ရင် အစ်ကိုဘယ်လောက်ထိ
နေနိုင်လဲ ဆိုတာကို သိချင်မိတာမို့ အစ်ကို့ဘက်က
စခေါ်လာတာကိုပဲ စောင့်နေမိသည်။

ဒီနေ့တော့ ဂျုံအင်မနက်ကျောင်းသွားဖို့အိမ်က ထွက်လာတဲ့အချိန် အစ်ကို့ကိုလည်း
သူ့အိမ်ကထွက်လာတာကို တွေ့ရသည်။

ဆိုင်ကယ်ပေါ်က အစ်ကိုက ဂျုံအင့်ကို မြင်ရဲ့သားနဲ့
တစ်ချက်သာကြည့်ပြီး ထွက်သွားလေသည်။

အစ်ကိုက လျစ်လျူရှုလွန်းပါသည်။
ဂျုံအင်က သူ့အတွက် ဘာမှအရေးမပါသလိုမျိုး။

ဂျုံအင်မနက်ကတည်းက စိတ်အခြေမနေကောင်းတော့တာမို့ကျောင်းမှာလည်း စိတ်မပါတော့။
အားလပ်ချိန်တိုင်းစာကြည့်နေပေမဲ့ စိတ်တွေ
လွင့်နေတာ ကိုယ်ကိုယ်တိုင်ပဲ သိသည်။

ဒီကြားထဲ အချ်ိန်တိုင်းရန်ရှာနေသည့် ဂျယ်ချန်းတို့
အဖွဲ့ကိုလည်း ရှောင်ရသေးသည်။
ဆရာတွေကို တ်ိုင်ပစ်ချင်ပေမဲ့ ဂျုံအင်
ပြဿနာတွေမကြီးချင်။ ပြီးတော့မေမေ့ကိုလည်း
ဒီလို ကိစ္စတွေမသိစေချင်။

ကျောင်းထဲက အထွက်လမ်းမှာ အနောက်ကနေ
လိုက်ခဲ့သည့် ဂျယ်ချန်းတို့အဖွဲ့ကို သတိထားမိသည့်အခါ ဂျုံအင် သက်ပြင်းချမိပြန်သည်။
အရင်အတိုင်း ကျောင်းနဲ့ခပ်ဝေးဝေးရောက်ရင်
သူ့ကို နှောက်ယှက်တော့မည်ပါပဲ။

ဂျုံအင်ရဲ့ အထက်တန်းကျောင်းသားဘဝဟာ သူများတွေလို ပျော်စရာကောင်းမနေခဲ့ပါ။

" ဟေ့"

အနောက်ဘက်က ဂျယ်ချန်းတို့
ခေါ်သံကြားလိုက်သည်။ဂျုံအင်လေပူတွေကို
မှုတ်ထုတ်ကာ လှည့်ကြည့်ဖို့ ပြင်လိုက်စဉ်မှာပဲ
ခပ်ဝေးဝေး သစ်ပင်အရိပ်မှာရပ်နေတဲ့
အစ်ကို့ဆိုင်ကယ်ကို တွေ့လိုက်ရသည်။
အစ်ကိုက သူ့ကျောင်းကို လာခဲ့သည်လား။

Could Cry Just Thinking About You Where stories live. Discover now