Final Part (1)

2.2K 319 20
                                    

ကျောင်းအပေါက်ဝက ထွက်ထွက်လာချင်းမှာပဲ
လမ်းတစ်ဖက်မှာရပ်ထားတဲ့ကားပေါ်မှာ ဂျုံအင် ရင်းနှီးပြီးသား မျက်နှာတစ်ခုကိုတွေ့လိုက်ရသည်။

အစ်ကို့သူငယ်ချင်း ထိုအစ်မ။
အစ်ကို့က်ို Ice coffee လာပို့တဲ့ အစ်မ။

ကားကိုတစ်ယောက်ထဲ မောင်းလာဟန်ရှိတဲ့
သူမက ဂျုံအင့်ကိုငေးစိုက်ကာကြည့်သည်။

ခက်ထန်တဲ့ပုံစံလည်းမတွေ့ရတဲ့ သူမ၏ မျက်နှာမှာ
ဝမ်းနည်းမှုတွေတော့တွေ့ရသည်။

ဘာအကြောင်းကြောင့် ကျောင်းကို
ရောက်လာလည်း
မသိ။
ဘာအကြောင်းကြောင့် ဂျုံအင့်ကို ဒီလိုကြည့်နေမှန်းလဲမသ််ိ။

ဂျုံအင် ခဏမျှသာ ပြန်ကြည့်နေပြီးမှကျောင်းရှေ့ကလှည့်ထွက်ခဲ့လိုက်၏။

သို့သော် မျက်နှာချင်းဆိုင်က လာနေတဲ့
အစ်က်ို့ဆိုင်ကယ်နဲ့ပုံစံတူ ဆိုင်ကယ်ကို စီးလာတဲ့ အစ်ကို့သူငယ်ချင်းကိုတွေ့လိုက်ရသည်။

ထိုအစ်ကိုသည်လည်း ဂျုံအင်တွေ့ဖူးပြီးသား၊
အစ်ကိုနဲ့ရန်ဖြစ်တဲ့ သူဖြစ်ပြီး pizza ဆိုင်မှာလည်း
ဂျုံအင့်ကို မကြည်သလိုကြည့်တဲ့ သူ။

ဒီနေ့ကျမှ အစ်ကို့သူငယ်ချင်းတွေ
ဘာဖြစ်နေရတာလဲ။

အစ်ကို့သူငယ်ချင်းစီးလာတဲ့ဆိုင်ကယ်ဟာ
ဂျုံအင့်ကို
ကျော်ပြီး ကျောင်းရှေ့မှာရပ်ကျန်နေခဲ့တဲ့ အစ်မရဲ့
ကားဘေးမှာရပ်သည်။

ဂျုံအင် လှည့်ကြည့်လိုက်သည်အခါ ထိုနှစ်ယောက်
အချေအတင် စကားများနေသည်ကို
တွေ့လိုက်ရသည်။
တစ်ချက်တစ်ချက် ဂျုံအင့်ကို ကြည့်ကြည့်
လာသည်ကိုလည်း တွေ့ရ၏။

ဘာတွေဖြစ်နေကြတာလဲဆိုတာ ဂျုံအင်တကယ်
နားမလည်နိုင်တော့ပါ။
သူတို့ပြဿနာထဲမှာ ဂျုံအင် ဘာလို့ပါနေရသည်လဲ။

ဆက်မကြည့်နေတော့ဘဲ ဂျုံအင် လှည့်ထွက်ခဲ့
လိုက်တော့သည်။

စိတ်ညစ်ညူးစရာတွေ တကယ် မလိုချင်ပါ။
စ်ိတ်ထဲမှာ အစ်ကို့ကိုပဲထည့်ထားချင်သည်။

Could Cry Just Thinking About You Where stories live. Discover now