FINALE

3.9K 351 92
                                    

ခုံပေါ်၌ ဂျုံအင် မှောက်အိပ်နေစဉ် ခုံက်ိုပုတ်လိုက်တဲ့
အသံကြောင့် ခေါင်းထောင်ကြည့်လိုက်တဲ့အခါ
ဂျယ်ချန်းဖြစ်နေသည်။

"ဟိုလူက မင်းကို ဒါပေးခိုင်းလိုက်တယ်"

ထိုမျှသာပြောကာ
စာရွက်ခေါက်တစ်ခုကိုခုံပေါ်ချပြီးပြန်ထွက်သွားသည်။

စာရွက်ခေါက်က်ိုဖွင့်ကြည့်လိုက်သည့်အခါ
ခပ်သော့သော့ လက်ရေးနဲ့ စာတိုတစ်ကြောင်း။

/ ည၁၀နာရီ လမ်းထိပ်ကို ထွက်ခဲ့/ 
တဲ့။

အပိုစာသားတစ်လုံးမှမပါ။
လွန်ခဲ့တဲ့ ၅ ညလောက်မှစပြီး သူ့အိမ်မှာလည်ရ
မတွေ့ရတော့တဲ့ အစ်ကိုက ၆ရက်မြောက်နေ့မှာတော့ ထိုသို့
ဆက်သွယ်လာခဲ့သည်။

ဂျုံအင် စာရွက်ခေါက်က်ိုလွယ်အိတ်ထဲထိုးထည့်ကာ ခုံပေါ်ပြန်မှောက်အိပ်လိုက်သည်။
သွားသင့်လား မသွားသင့်လားဆိုတာကို
အထပ်ထပ်အခါခါ စဉ်းစားနေမိပေမဲ့သွားဖို့သာ
ဆုံးဖြတ်လိုက်သည်။

အစ်ကို့ဘက်က ဘယ်လိုစကားတွေပြောဖို့
ဆက်သွယ်လာတာလဲဆ်ိုတာ စိုးရိမ်ပေမဲ့
သူ အစ်ကို့ကို လွမ်းသည်ကိုး......။

____________

ည၁၀နာရီခွဲပေပြီ။

မေမေ့အိပ်ချိန်ကို စောင့်နေရပြီးမှ
ထွက်လာရသည်မို့ နောက်ကျသွားခဲ့ပေမဲ့
လမ်းထိပ်ကမီးတိုင်ကိုမှီရပ်လျက်စောင့်နေဆဲ
ဖြစ်တဲ့အစ်ကို့ကိုတွေ့လိုက်ရသည်။

ဒီနေ့တော့ အစ်ကိုဟာ cigarette သောက်မနေ။
အနီးကပ်မြင်ရတဲ့အခါ အစ်ကို့မျက်နှာက
အလွန်ချောင်ကျလျက်ရှိသည်ကို တွေ့လိုက်ရသည်။

မျက်ကွင်းတွေညိုမဲလျက်ချိုင့်နေတဲ့ အစ်ကိုက
မအိပ်ပဲများနေခဲ့လို့လား။
အမြဲတမ်းသန့်ပြန့်ပြီးကြည့်ကောင်းနေတတ်တဲ့သူက ခုတော့ ဘာမှမပြင်မဆင်။

သူ အစ်ကို့ဘေးနားသွားရပ်ကာသာ တိတ်ဆိတ်နေ
လိုက်မိသည်။
အစ်ကိုကလည်း
တစ်ချိန်လုံးသူ့ကို ငေးစိုက်ကြည့်နေ
ပေမယ့် ဘာစကားမှပြောလာခြင်းမရှိသေး။

Could Cry Just Thinking About You Where stories live. Discover now